Powered by Blogger.

၂၀၁၇ / ၁၈ ရာသီအတွက် Nike စပွန်ဆာနဲ့ Chelsea ဝတ်စုံ အွန်လိုင်းမှာ ပေါက်ကြားလာ

ချယ်လ်ဆီးရဲ့ အမြင်သစ်နဲ့ မြင်ရမယ့် လာမယ့် ၁၇/၁၈ ရာသီအတွက် ဝတ်ဆင်မယ့် ဝတ်စုံပုံရိပ်တွေ အွန်လိုင်းမှာ ပေါက်ကြားလာခဲ့ပါတယ်။ အစောပိုင်းတုန်းက ချယ်လ်ဆီးဝတ်စုံမှာ စိန်ပွင့်ပုံစံ ပုံရိပ်တွေပါဝင်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် နက်ပြာဘက်သန်းတဲ့ အရောင်ပုံစံက Nike နဲ့ ချယ်လ်ဆီးကို ပိုမိုသစ်လွင်သွားစေမှာပါ။

အဲ့ဒီအပြင် အဝေးကွင်း ဝတ်စုံမှာလည်း ပါးပါးလေး ပြင်ဆင်ထားပြီး ပြီးခဲ့တဲ့ ကောလဟလသတင်းတွေရဲ့ အဖြူနဲ့ ရွှေရောင်ပုံစံရှိမယ်ဆိုတာကိုတော့ ကွဲသွားစေခဲ့ပါတယ်။ ဒါပေမယ့် အလယ်ပိုင်းနားလောက်မှာ အပြာရောင် လိုင်တစ်ကြောင်းပါဝင်တာကတော့ အရမ်းလှပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်သတင်းတွေကိုတော့ အတည်ပြုလို့ မရသေးပဲ Nike နဲ့ လက်တွဲတဲ့ ပထမဆုံး ရာသီမှာ ဝတ်စုံကို ပြင်ဆင်မှုအနည်းငယ်ပြုလုပ်ဖို့တော့ ရှိနေပါတယ်။

Nike ဟာ ယခင်တုန်းက Premier League အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူတို့ကို စပွန်ဆာပေးခဲ့ဖူးပြီး ယခုတစ်ဖန် မန်စီးတီး၊ ချယ်လ်ဆီးတို့လို အသင်းတွေကို ပြန်လည် စပွန်ဆာပေးခဲ့တာ ဖြစ်ပါတယ်။

  Brucee

 #sport.thithtoolwin.com

  Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment