Powered by Blogger.

ယူရိုပါလိဂ် ဖလားဆွတ်ခူးသွားတဲ့မန်ချက်စတာယူနိုက်တတ်

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဟော်လန်ကလပ်အေဂျက် အသင်းကို ပေါ့ဘာ့ (18)မိနစ်၊ မက်ခီတာရန် (48)မိနစ်တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိပြီး အသင်းရဲ့ ပထမဦးဆုံး ယူရိုပါလိဒ် ဖလားကို ရယူသွားခဲ့ပါတယ်။

 မန်ယူအသင်းဟာ အေဂျက်အသင်းကို အသာစီးကနေ ထိမ်းချုပ်သွားခဲ့ပြီး ဗဟိုနောက်ခံလူတွေဖြစ်တဲ့ စမောလင်း၊ ဘလိုင်းတို့အတွဲ နဲ့ ကွင်းလယ်က ဟာရဲယား၊ နဲ့ ဖယ်လိုင်နီတို့ အလုပ်တွေအများကြီးလုပ်နိုင်ခဲ့ကြသလို အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူတဲ့ ဗလင်စီယာကလည်း နောက်တန်းကို ဦးဆောင်မှုကောင်းစွာပေးနိုင်ခဲ့ပါတယ်။ အေဂျက်အသင်းဟာဘောလုံးပိုင်ဆိုင်မှု (60%)အထိအသာစီးရယူပီးကစားခဲ့ပေမယ်တိုက်စစ်ကသိပ်အလုပ်မဖြစ်ခဲ့ပါဘူး။

မန်ယူအသင်းယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့ပြီးပရီးမီးယာလိဂ်အသင်း (5)သင်းအထိချန်ပီယံလိဂ် ၀င်ခွင့်ရယူသွင်းခဲ့ပီဖြစ်ပါတယ်။ မော်ရင်ဟိုအနေနဲ့လည်း   မန်ယူအသင်းကို အဓိကဖလား ၂လုံးကိုကိုင်မြောက်ပေးနိုင်ခဲ့ပီဖြစ်ပါတယ်။

   Mocha

   #sport.thithtoolwin.com

    Ref :UEFA

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment