ချယ်လ်ဆီးနည်းပြ အန်တိုနီယိုကွန်တီဟာ အီတလီမှာရှိတဲ့ မိသားစုကို သတိရနေပြီး Serie A ကို ပြန်ချင်ပြန်နိုင်တယ်လို့ အတည်မပြုနိုင်တဲ့ ကောလဟလတွေထွက်လာပါတယ်။
အသက် ၄၇နှစ်အရွယ်နည်းပြအနေနဲ့ အီတလီလက်ရွေးစင်အသင်းကို နှစ်နှစ်ကြာကိုင်တွယ်ပြီး အပြာရောင်တွေထံ ပြီးခဲ့တဲ့ နွေရာသီကပြောင်းရွှေ့လာခဲ့တာပါ။
ကွန်တီဟာ လက်ရှိပရီးမီးယားလိဂ်မှာလည်း ရလဒ်ကောင်းတွေ ရရှိနေပြီး ပွဲစဉ် ၁၂ပွဲကျန်ရှိနေသေးတဲ့အချိန်မှာ ဒုတိယနေရာမှာ ရှိနေတဲ့ စပါးအသင်းကို ၁၀မှတ်ဖြတ်ထားခဲ့ပါတယ်။
သတင်းတွေက အီတာလျံနည်းပြအနေနဲ့ လန်ဒန်မှာ အခြေကျဖို့ခက်ခဲနေပြီး အိမ်လွမ်းဝေဒနာဖြစ်နေတယ်လို့ ဆိုကြပါတယ်။ “ဒါဟာ ကျွန်တော့်အတွက် နိုင်ငံရပ်ခြားဒေသမှာ အလုပ်လုပ်ရတဲ့ ပထမဆုံးအတွေ့အကြုံပါပဲ၊ ဒေသသစ်၊ ဘာသာစကားသစ်၊ အမူအကျင့်သစ်တွေနဲ့ အရင်ကနဲ့ အတော်ကွဲပြားခြားနားပါတယ်” လို့ ကွန်တီက ဆိုဖူးပါတယ်။
“သေခြာတာတစ်ခုကတော့၊ ဒီကိုရောက်လာရတာ တကယ်မလွယ်ပါဘူး၊ ခင်ဗျားအနေနဲ့ ရာသီသစ်ကို မတူညီတဲ့အခြေအနေတွေနဲ့ ဖြတ်သန်းရတာ အတော်ခက်ခဲတာကို တွေ့ရမှာပါ” လို့ သူကဆိုဖူးတာပါ။
ဒါပေမယ့် ထပ်တိုးသတင်းတွေအရ သူ့အနေနဲ့ အီတလီပြန်မှာမဟုတ်ကြောင်း တကယ်လို့ ချယ်လ်ဆီးက ထွက်ခွာဖြစ်ခဲ့ရင်တောင် အတွေ့အကြုံသစ်တွေပဲရနိုင်မယ့် တခြားနိုင်ငံကိုသာ သွားဖြစ်မှာဖြစ်ကြောင်း ဆိုပါတယ်။
U Min Thant
#sports.thithtoolwin.com
Ref: Metro
0 comments :
Post a Comment