ချယ်လ်ဆီးဟာ ရီးယဲလ်လူငယ်တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာကို ပေါင် ၃၄သန်းနဲ့ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။
အဆိုဘာစပိန်တိုက်စစ်မှူးကို ချယ်လ်ဆီးနည်းပြ အန်တိုနီယိုကွန်တီက မျက်စိကျနေတာဖြစ်ပြီး ဂျူဗင်တပ်စ်မှာ ရှိနေစဉ်တုန်းကလည်း ခေါ်ယူခဲ့ပါသေးတယ်။
ဒါပေမယ့် ရီးယဲလ်ဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ်က တိုက်စစ်မှူးအတွက် ပေါင် ၄၃သန်းအထိ အလိုရှိနေတယ်လို့ စပိန်သတင်းစာတစ်စောင်က ဖော်ပြခဲ့ပါတယ်။
ချယ်လ်ဆီးဟာ တိုက်စစ်မှာ ဒီယေဂိုကော်စတာတစ်ဦးထဲကို အသုံးပြုနေရတာကြောင့် အနာဂါတ်အတွက် တိုက်စစ်မှူးတစ်ဦး အလိုရှိနေတာဖြစ်ပါတယ်။ ကော်စတာကို တရုတ်ကလပ်တစ်ခုက ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာတုန်းက ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အသက် ၂၄နှစ်အရွယ်မိုရာတာဟာ လက်ရှိဘာနေဗျူးမှာ ခြေစွမ်းပြကစားနေပေမယ့် ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် အသင်းပြောင်းဖို့ စဉ်းစားနေတာလည်း ဖြစ်ပါတယ်။
U Min Thant
#sports.thithtoolwin.com
Src : Metro
0 comments :
Post a Comment