Powered by Blogger.

ကမ်းလှမ်းထားတဲ့ အသင်းရှိနေပြီး အာဆင်နယ်ကနေ ထွက်ခွာတော့မယ့်အကြောင်း ဆန်းချက်ဇ်ဖွင့်ဟ


သတင်းတွေအရ အာဆင်နယ်တောင်ပံတိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ အာဆင်နယ်ကနေ ထွက်ခွာဖို့အတွက် ဆုံးဖြတ်ခဲ့ပြီဖြစ်ပြီး လာမယ့်နွေအပြောင်းအရွှေ့မှာ အသင်းပြောင်းတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၂၈နှစ်အရွယ်တိုက်စစ်မှူးဟာ ဂန်းနားတွေအတွက် အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့်လည်း သူ့အနေနဲ့ အသင်းနဲ့အဆင်မပြေဖြစ်နေတာကြောင့် ထွက်ခွာလိုနေတာပါ။

Starsport ရဲ့ သတင်းအရ ဆန်းချက်ဇ်ဟာ အသင်းကနေထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဆီဗီလာအသင်းကို ဒီရာသီကုန်မှာ ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ သိရပါတယ်။

ချီလီစတားအနေနဲ့ ဆီဗီလာအသင်းမှာ ယခင်နိုင်ငံအသင်းမှာလက်တွဲခဲ့ဖူးတဲ့ ချီလီအသင်း နည်းပြဟောင်း ဂျော့ခ်ျဆန်ပါအိုလီနဲ့အတူ ပြန်တွေ့ဖို့ရှိနေတာပါ။

ဒါကြောင့် ဆရာဟောင်းနဲ့အတူ လိဂ်ဟောင်းကို ပြန်လည်သွားရောက်ဖို့ရှိနေတဲ့ ဆန်းချက်ဇ်ရဲ့ သတင်းတွေ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေပါတယ်။

U Min Thant

#sports.thithtoolwin.com

Src : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment