Powered by Blogger.

ဘာစီလိုနာအသင်းရဲ့ အဓိကအပြောင်းအရွှေ့ပစ်မှတ်ဖြစ်လာပြန်တဲ့ ဘယ်လာရင်



ကတ်တလန်အသင်းကတော့ အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူ ဟက်တာဘယ်လာရင်ကို ခေါ်ယူဖို့အတွက် လာမယ့် နွေမှာ အားစိုက်ပြင်ဆင်သွားမယ်လို့ သိရပါတယ်။

ဘာကာနောက်တန်းမှာ ဒန်နီအဲလ်ဗတ်စ်မရှိတော့တည်းက လစ်ဟာမှုတွေဖြစ်နေတဲ့နေရာကို လာမာစီယာအကယ်ဒမီထွက်တစ်ယောက်ဖြစ်တဲ့ ဘယ်လာရင်နဲ့ အစားထိုးဖို့ ချိန်ရွယ်နေတာပါ။



ဘယ်လာရင်ဟာ ၂၀၁၁ ခုနှစ်တုန်းက အာဆင်နယ်အသင်းကို မပြောင်းရွှေ့မီမှာ ဘာစီလိုနာရဲ့ အကယ်ဒမီမှာ ဘောလုံးကစားသမားဘဝကို စတင်လာခဲ့တာပါ။ အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့်ရရှိတဲ့အချိန်တိုင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ နာမည်ကျော်လာခဲ့တာဖြစ်ပါတယ်။

ဥရောပရဲ့ အလားအလာအကောင်းဆုံးနောက်ခံလူတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ ဘယ်လာရင်ကိုတော့ အာဆင်နယ်အသင်းက စာချုပ်ရှည်တစ်ရပ်နဲ့ ခြေချုပ်ထားပြီးဖြစ်ပြီး ဘာစီလိုနာကတော့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကျေနပ်လောက်တဲ့အထိ ငွေကြေးပုံအောပေးပြီး ခေါ်ယူသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။


Mocha 

#sports.thithtoolwin.com
Source : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment