Powered by Blogger.

ဘောလုံးပွဲကောင်းတစ်ပွဲကို ဂွာဒီယိုလာ လာကြည့်ဖူးသွားပြီလို့ ကလော့ပ်ပြက်လုံးထုတ်



လီဗာပူးလ်အသင်းက စတုတ်စီးတီးအသင်းကို လေးဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့တဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာကို လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က စနောက် ပြောကြားခဲ့ပါတယ်။ သူကတော့ ဘောလုံးပွဲကောင်း တစ်ပွဲကို ကြည့်နိုင်ဖို့အတွက် အန်ဖီးလ်ကို လာခဲ့ရတာဖြစ်တယ်လို့ ကလော့ပ်က ဂွာဒီယိုလာကို ခနဲ့ခဲ့တာပါ။

စပိန်လူမျိုး နည်းပြ ဂွာဒီယိုလာ လီဗာပူးလ်အသင်းပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့တာနဲ့ ပတ်သက်ပြီး ကလော့ပ်က “ကျွန်တော် သူတို့လိုမျိုး လူတွေကို လေးစားပါတယ်။ ဒါပေမယ့် ကျွန်တော် စီးတီးရဲ့ အိမ်ကွင်းကို သွားပြီးတော့ တစ်ခါမှတော့ မကြည့်ခဲ့ပါဘူး။ သူတို့ကတော့ ဘောလုံးပွဲကောင်းကောင်းတစ်ခုကြည့်ဖူးချင်လို့ ဒီကို လာတာဖြစ်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

စတုတ်စီးတီးအသင်းကတော့ ဂျွန်ဝေါ်လ်တာရဲ့ ဂိုးနဲ့ လီဗာပူးလ်အသင်းဘက်ကို ဦးဆောင်ဂိုး စသွင်းခဲ့ပေမယ့်လည်း လယ်လာနာ နဲ့ ဖာမီနိုတို့ရဲ့ ပထမပိုင်းဂိုးနှစ်ဂိုးနဲ့ ဒုတိယပိုင်းမှာ စတုတ်နောက်ခံလူ အင်ဘူလာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုတွေက လီဗာပူးလ်အသင်းကို အမှတ်ပြည့်ရစေခဲ့တာပါ။ ဒီပွဲမှာတော့ လီဗာပူးလ်တိုက်စစ်မှူး စတားရစ်ခ်ျဟာ လူစားဝင်ပြီး ၅၆ စက္ကန့်အကြာမှာပဲ စတုတ္ထဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အဆင့် ၂ နေရာကို လီဗာပူးလ်တို့ တက်လှမ်းလာခဲ့ပါတယ်။


ဒီပွဲအနိုင်ကြောင့် လီဗာပူးလ်အသင်းဟာ မန်စီးတီးထက် ၁ မှတ်သာသွားခဲ့ပြီး EPL ရဲ့ ပြိုင်ဆိုင်မှုတွေကတော့ ပိုမိုပြင်းထန်လာခဲ့ပြီဖြစ်ပါတယ်။ ကလော့ပ်နဲ့ ပက်တို့ကတော့ နှစ်ယောက် ထိပ်တိုက် တွေ့ဆုံတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိပြီး တစ်ယောက်နဲ့တစ်ယောက် နည်းစနစ်စနည်းနာမှုတွေ ၊ Mind Game တွေကတော့ သူတို့နှစ်ယောက်ကြားမှာ အမြဲရှိနေတာပါ။


ကလော့ပ်ဟာ လီဗာပူးလ်အသင်းသားအနည်းငယ်နဲ့အတူ ဒီဇင်ဘာအစောပိုင်းတုန်းက ဘာစီလိုနာအသင်းနဲ့ မိုချန်ဂလာဘတ်အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပါသေးတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : ESPN

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment