Powered by Blogger.

ဒဏ်ရာကနေ ပြန်ကစားနိုင်တော့မယ့် ကွန်ပနီကို ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရမယ်လို့ ဂွာဒီယိုလာသတိပေး


မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ မန်စီးတီးအသင်းခေါင်းဆောင်နဲ့ အဓိက နောက်ခံလူ ကွန်ပနီကို သတိပေးပြောကြားမှုတစ်ခု ပြောကြားလိုက်ပါတယ်။

 ကွန်ပနီဟာဆိုရင်တော့ မန်စီးတီးအသင်းမှာ ကစားခွင့်မရတာ ကာလအတော်ကြာမြင့်နေပြီဖြစ်ပြီး မကြာခင်မှာတော့ မန်စီးတီးအသင်းမှာ ပြန်လည်ကစားနိုင်တော့မယ် အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြ ဂွာဒီယိုလာကတော့ “ကွန်ပနီအနေနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာရင်လည်း ပွဲထွက်ခွင့်ကို အလွယ်တကူ ရရှိမှာမဟုတ်ဘူး” လို့ ပြောကြားလိုက်တာပါ။ ငါးလကြာမှာ ပြန်ကစားနိုင်မယ့် ကွန်ပနီရဲ့ နေရာကို အစားထိုးနိုင်တဲ့ ခံစစ်ကစားသမားကောင်းတွေလည်း မန်စီးတီးအသင်းက ပိုင်ဆိုင်ထားပြီဖြစ်တာကြောင့် အခုလိုပဲ ဂွာဒီယိုလာက သတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။

ကွန်ပနီမကစားနိုင်ချိန်မှာတော့ မန်စီးတီးအသင်းရဲ့ နောက်တန်းကို အော်တာမန်ဒီ ၊ ဂျွန်စတုန်းစ် ၊ ကိုလာရော့ဗ်စတဲ့ကစားသမားတွေက အကောင်းဆုံးအားဖြည့် ကစားပေးလျက်ရှိနေတာပါ။ ဒါ့ကြောင့် နောက်ပိုင်းမှာ နောက်ခံလူတွေများပြားလာပြီး ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်ရတော့မှာကို ဂွာဒီယိုလာက ကြိုတင်ပြီး သတိပေးလိုက်တဲ့ သဘောအနေနဲ့ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

“ကျွန်တော်က အသင်းသားအချင်းချင်းလည်း အမြဲတမ်းယှဉ်ပြိုင်စေချင်ပါတယ်။ ဒါမှ ပွဲတွင်းမှာဆိုပိုပြီး ကောင်းကောင်းကစားနိုင်မှာပေါ့။ ကစားသမားတိုင်းအတွက်တော့ ပွဲထွက်ခွင့်ဆိုတာ အမြဲတမ်း အာမ မခံ နိုင်ပါဘူး” လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

( Beauty Syh )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment