Powered by Blogger.

အက်ဖ်အေဖလားမှာ ဗိုလ်စွဲနိုင်တာက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့တူညီတယ်လို့ ဗန်ဟားလ်ပြောကြား



မန်ယူအသင်းရဲ့ နည်းပြချုပ်ဖြစ်သူ Louis Van Gaal (လူးဝစ်ဗန်ဟားလ်)ကတော့ ဒီနေ့ညမှာကစားမယ့် အဲဗာတန်အသင်းနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ အခုလိုပဲပြောကြားလိုက်တာပါ။ အက်ဖ်အေဖလားမှာ ဗိုလ်စွဲနိုင်တာဟာဆိုရင်တော့ မန်ယူအသင်းအတွက် နောက်ရာသီချန်ပီယံလိဂ် ဝင်ခွင့်ရရှိလိုက်သလိုပါပဲလို့ ဗန်ဟားလ်ကပြောကြားခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းဟာ လောလောဆယ်အချိန် ပရီးမီးယားလိဂ်မှာ ပဉ္စမနေရာမှာ ရပ်တည်လျက်ရှိနေပြီး စတုတ္ထနေရာက မန်စီးတီးအသင်းနဲ့ နှစ်မှတ်ကွာဟလျက်ရှိနေပါတယ်။ ဒါ့ကြောင့် မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ မရေရာဖြစ်တဲ့အနေအထားမှာရှိနေတာပါ။
ဒါပေမယ့်လည်း မန်ယူအသင်းဟာ အက်ဖ်အေဖလားကိုသာ ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်ရတယ်လို့ကို မှတ်ယူနိုင်တယ်လို့ နည်းပြဗန်ဟားလ်ကပြောကြားလိုက်တာဖြစ်ပါတယ်။

“ကျွန်တော်ထင်တာကတော့ မန်ယူအသင်းအတွက်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဆုက အသင့်တော်ဆုံးလို့ပေါ့။ မန်ယူအသင်းဟာ ဒီလိုချန်ပီယံဆုတွေကို အရင်တုန်းက အမြဲလိုလို ရယူနေနိုင်ခဲ့တာပါ။ အခုအချိန်မှာတော့ ဒါတွေကို ပြန်ရယူပြဖို့ အချိန်တန်ပြီထင်ပါတယ်။ ”
“အက်ဖ်အေဖလားဆိုတာကလည်း အင်္ဂလန်ဘောလုံးလောကရဲ့ အလေးမြတ်ဆုံးဖလားတစ်ခုပဲ။ တစ်ခြားနိုင်ငံက သက်ဆိုင်ရာဖလားတွေထက်တောင် ပိုသေးတယ်ဗျ။ ဒါဟာ ချန်ပီယံလိဂ်ဝင်ခွင့်လိုပါပဲ” လို့ ဗန်ဟားလ်က ပြောပါတယ်။

မန်ယူအသင်းဟာ ဒီနေ့ညမှာ အဲဗာတန်အသင်းရဲ့ အိမ်ကွင်း ဂွတ်ဒီဆင်ပါ့ခ်မှာ သွားရောက်ကစားရမှာဖြစ်ပြီး လီဗာပူးလ်အသင်းကို မာဆေးဆိုက်ဒါဘီမှာ လေးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အဲဗာတန်နည်းပြ မာတီနက်ဇ်ပေါ်မှာ ဖိအားတွေ ရှိနေပါတယ်။

ဒီလိုမျိုးရလဒ်ထွက်ပေါ်ခဲ့တာဟာ အဲဗာတန်အသင်းမှာ ဒဏ်ရာရကစားသမားတွေများပြားနေလို့ဖြစ်ပြီး ဗန်ဟားလ်ကတော့ အဲဗာတန်အသင်းကို လျှော့တွက်သွားမှာမဟုတ်ဘဲ မန်ယူအသင်းကို အနိုင်ကစားနိုင်တဲ့အခြေအနေတွေ အဲဗာတန်အသင်းမှာ ရှိနေတယ်လို့ ပြောပါတယ်။

( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments :

  1. ဒီလူကြီး ကလေဲးချိုချဉ်ပူဆာသလို အကုန်လိုက်လက်ညှိုး ထိုးနေတာပဲ.. ပြီးတောမှ ချောင်းဆိုးမှာစိုးလို့ဆိုပြီး ဘာချိုချဉ်မှ မစားရအပဲ ကလေးငို ငိုအုံးမယ်

    ReplyDelete