Powered by Blogger.

မန်ယူ ယူရိုပါလိဂ်ဆင်းခဲ့ရပြီး Ronaldo ဂိုးသွင်းစံချိန်သစ်တင်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်များ








 မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာတော့ မန်ယူအသင်းက ဝုလ်ဖ်ဘတ်အသင်းကို သုံးဂိုးနှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရပြီး ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာဖြစ်ပါတယ်။ ရီးရဲလ်ကတော့ ဂိုးမိုးရွာခဲ့ပြီး Ronaldo က လေးဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာကြောင့် အုပ်စုအဆင့်အတွင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၁၁ ဂိုးတိတိသွင်းပြီး စံချိန်ချိုးခဲ့ပါတယ်။





ဝုလ်ဖ်ဘတ် ၃-၂ မန်ယူ

ဝုလ်ဖ်ဘတ်အသင်းနဲ့ PSV အသင်းတို့ကတော့ အုပ်စု (B) ကနေ ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ မန်ယူအသင်းက Martial က ပွဲအစ ၁၀ မိနစ်မှာတင် Mata ရဲ့ ပေးပို့မှုကနေတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သုံးမိနစ်အကြာမှာပဲ Naldo က ပြစ်ဒဏ်ဘောကနေ ပိတ်သွင်းပြီး ဝုလ်ဖ်ဘတ်အသင်းအတွက် ချေပဂိုး ရယူပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ အပြန်အလှန်ကစားခဲ့ကြပြီး ဝုလ်ဖ်ဘတ်အသင်းရဲ့ တွဲလုံးတွေကြားမှာ မန်ယူနောက်တန်းတွေ နစ်မျောသွားခဲ့လို့ Vieirinha က ၂၉ မိနစ်မှာ ဝုလ်ဖ်ဘတ်အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။

 အဲ့နောက်မှာတော့ မန်ယူအသင်းက ဂိုးပေါက်ကန်သွင်းခွင့်တွေ ရပေမယ့်လည်း လွဲချော်ခဲ့ရပြီး ၈၂ မိနစ်မှာမှ Fellaini ရဲ့ ခေါင်းတိုက်ချက်ကို ဝုလ်ဖ်ဘတ်ကစားသမား Guilavogui က စိုးရိမ်စိတ်နဲ့ ခေါင်းတိုက်ခဲ့တာက ဂိုးဝင်သွားခဲ့တာကြောင့် သရေကျနေခဲ့ပါတယ်။ သရေဖြစ်နေပြီး မကြာခင်ပွဲချိန် ၈၄ မိနစ်မှာ ဝုလ်ဖ်ဘတ်က ဒေါ့င်ကန်ဘောရခဲ့ပါတယ်။ အဲ့ဒီ ဒေါင့်ကန်ဘောကနေတစ်ဆင့် Naldo ကပဲ ဝုလ်ဖ်ဘတ်အသင်းရဲ့ အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ တစ်ခြားတစ်ဖက်မှာလည်း PSV အသင်းက CSKA မော်စကိုအသင်းကို အနိုင်ကစားခဲ့လို့ မန်ယူတို့ ချန်ပီယံလိဂ်မှာ အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။




မန်စီးတီး  ၄-၂  မိုချင်ဂလာဘတ်

မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ်အရှုံးတွေကို ချန်ပီယံလိဂ်မှာ ပြန်ဆေးကြောခဲ့ပါတယ်။ မိုချင်ဂလာဘတ်ကတော့ အုပ်စုတက်ဖို့ အခွင့်အရေးမရှိတော့ပေမယ့်လည်း မန်စီးတီးက အနိုင်ရဖို့ အတော်လေးကို အားထည့်ခဲ့ရပါတယ်။ အနိုင်ဂိုးတွေကိုလည်း မိနစ် ၈၀ ကျော်မှ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီပွဲမှာ မန်စီးတီးရဲ့ သူရဲကောင်းကတော့ မွေးနေ့ရှင် Sterling ပါ။
 ပွဲအစ ၁၆ မိနစ်မှာ ကွင်းလယ်လူ Silva က Sterling ရဲ့ နောက်ပေါက်နဲ့ ပေးပို့မှုကို ဒေါ့င်ဖြတ်အနေအထားကနေ အပြင်းကန်ခဲ့လို့ မန်စီးတီး ဦးဆောင်ဂိုး စရခဲ့ပါတယ်။

အဲ့နောက်မှာတော့ Korb က မန်စီးတီးနောက်ခံလူတွေ လူကပ်ဖို့ မေ့လျော့နေတာကို အခွင့်ကောင်းယူကန်သွင်းခဲ့ပြီး ၄၂ မိနစ်မှာ Raffael က ဦးဆောင်ဂိုးကို အနီးကပ်ကန်သွင်းခဲ့ပါတယ်။ မိနစ် ၈၀ အရောက်မှာမှ Sterling က Otamendi ချိုးချပေးတာကို ပိတ်သွင်းယူခဲ့ပြီး နောက်ထပ် တစ်မိနစ်လောက်အကြာမှာပဲ Sterling က Bony ရဲ့ ပေးပို့မှုကနေ ကန်သွင်းခဲ့ပါတယ်။

မန်စီးတီးအတွက် လေးဂိုးမြောက်ကိုတော့ Bony က ၈၅ မိနစ်မှာ နောက်ခံလူ Kolarov ရဲ့ ပေးပို့မှုကနေ နှစ်ထပ်ပိတ်သွင်းခဲ့တာပါ။ မန်စီးတီးကတော့ ဂျူဗင်တပ်ရှုံးပွဲတွေ့ခဲ့တာကြောင့် အုပ်စုဗိုလ်ဖြစ်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။





PSV  ၂-၁ CSKA မော်စကို
 

ပီအက်စ်ဂျီ ၂-၀ ရှက်တာဒိုးနက်


ရီးရဲလ်မက်ဒရစ် ၈-၀ မဲလ်မို


ဂါလာတာစာရေး ၁-၁ အက်စတန်နာ


ဘင်ဖီကာ ၁-၂ အက်သလက်တီကို


ဆီဗီလာ ၁-၀ ဂျူဗင်တပ်






(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : UEFA.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment