Powered by Blogger.

CR7 ဖက်ရှင်အတွက် မော်ဒယ်လုပ်ခဲ့တဲ့ Ronaldo




ရီးရဲလ်တိုက်စစ်မှူး Ronaldo ကတော့ သူ့ရဲ့  CR7 အဝတ်အစား brand အတွက် ဆောင်းရာသီ ပရိုမိုးရှင်းတွေကို ပြုလုပ်လိုက်ပြန်ပါပြီ။ သူဟာ သူ့ရဲ့ ကိုယ်ပိုင် brand အတွက် ကိုယ်တိုင် မော်ဒယ်တစ်ယောက်အဖြစ် တစ်စိတ်တစ်ဒေသ ပါဝင်လာခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလတည်းက မော်ဒယ်အဖြစ် လုပ်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


သူဟာ အခုအခါမှာတော့ CR7 ဖိနပ်အမျိုးအစားတွေအတွက် ဓာတ်ပုံနဲ့ ဗီဒီယိုတွေ  ရိုက်ကူးခံခဲ့တာဖြစ်ပါတယ်။သူဟာ ကိုယ်ပိုင် လူ့အသုံးအဆောင်တွေကို ထုတ်လုပ်ထားပြီးဖြစ်ပြီး underwear , ရှပ်အင်္ကျီ , ရေမွှေးနဲ့ ဖိနပ် အစသဖြင့် အမျိုးအစားစုံ ပါဝင်တယ်လို့ သိရပါတယ်။


Ronaldo ဟာ ဂီတာဖေးအသင်းကို လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ယခုရာသီအတွင်း ပထမဆုံး သုံးပွဲဆက်ဂိုးသွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု လျာထားစာရင်းမှာလည်း ဘာစီလိုနာ အသင်းသားတွေဖြစ်တဲ့ Messi နဲ့ Neymar တို့နဲ့အတူ ပါဝင်လျက်ရှိတယ်လို့ သိရပါတယ်။ Messi ကတော့ ဒီဆုကို ငါးကြိမ်မြောက် ရယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး Ronaldo ကတော့ ကံကောင်းထောက်မ လို့သာ သုံးဦးစာရင်းထဲမှာ ပါဝင်လာနိုင်တာဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

ဒါပေမယ့်လည်း အခုလို ကိစ္စတွေကို Ronaldo က ခေါင်းထဲထားပုံ သိပ်မပေါ်ဘဲ သူ့ရဲ့ brand တိုးတက်ရာ တိုးတက်ကြောင်းကိုသာ အေးအေးဆေးဆေး လုပ်ကိုင်လျက်ရှိနေတာပဲဖြစ်ပါတယ်။






(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror





Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment