Powered by Blogger.

Mourinho ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ Lukaku




အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး Lukaku ကတော့ သူ့ကို အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့တဲ့ နည်းပြ Mourinho ကို ကျေးဇူးတင်နေတယ်လို့ သိရပါတယ်။ ကြာသပတေးနေ့က ထုတ်ပယ်ခံလိုက်ရတဲ့ Mourinho ဟာ အသက် ၂၂ နှစ် အရွယ်တိုက်စစ်မှူးကို ၂၀၁၄ ဇူလိုင်လအတွင်းမှာ အဲဗာတန်အသင်းကို ပြောင်းရွှေ့ခွင့်ပြုခဲ့တာပါ။ သူဟာ အခုရာသီမှာတော့ အဲဗာတန်အသင်းအတွက် ၁၅ ဂိုး သွင်းယူထားနိုင်ပြီး သူဟာ အဲဗာတန်အသင်းကို အငှားပြောင်းရွှေ့ဖို့အတွက် အသင်းရဲ့ ဖိအားပေးတာကို ခံခဲ့ရတယ်လို့ သိရပါတယ်။

" ကျွန်တော်ကတော့ ချယ်လ်ဆီးမှာ ကစားရင်းနဲ့ အချိန်တွေကို ကုန်ဆုံးချင်တာပါ။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ အဲ့လို အသင်းပြောင်းခိုင်းခဲ့တဲ့ Mourinho ကို ကျေးဇူးတင်ရတော့မယ်။ ကျွန်တော့်မှာ ကျေးဇူးပါလို့ ပြောခွင့်တောင်မရခဲ့ဘူး။ အခုတော့ ပြောလိုက်ပြီ။
ကျွန်တော် သူနဲ့ တစ်ခါပဲ စကားပြောဖူးပြီး အသင်းကနေ ထွက်ခွာဖို့ ခွင့်ပြုပေးခဲ့တာ။ ဘာ့ကြောင့်လဲဆိုတော့ သူက ကမ္ဘာ့ဖလားမှာ ကျွန်တော့်ကို ကစားစေချင်နေတယ်။ သူက ကျွန်တော့်ကို အလင်းပြပေးခဲ့တဲ့သူပါ  " လို့ ပြောပါတယ်။





(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com


Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment