Powered by Blogger.

ကြိုးကြာနီတို့ရဲ့ ခရစ္စမတ်ပျော်ပွဲရွှင်ပွဲ


လီဗာပူးလ်အသင်းသားတွေနဲ့ နည်းပြ Klopp တို့ဟာ လီဗာပူးလ်ဒေသက Alder Hey ကလေးဆေးရုံမှာ ခရစ္စမတ်လက်ဆောင်တွေ ပေးခဲ့ကြတယ်လို့ သိရပါတယ်။ ကြိုးကြာနီတွေဟာ သူတို့ရဲ့ မာဆေးဆိုက်ဒေသတစ်ဝိုက်မှာ ခရစ္စမတ်ကာလရောက်တိုင်း အခုလို အစီအစဉ်တွေ ပြုလုပ်လေ့ရှိပြီး အခုနှစ်မှာတော့ ဖျားနာနေတဲ့ ကလေးငယ်တွေနဲ့ မိသားစုဝင်တွေကို ပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဒီ ပျော်ပွဲရွှင်ပွဲမှာတော့ ဒဏ်ရာရကစားသမားတွေဖြစ်တဲ့ Sturridge နဲ့ Joe Gomez တို့လည်း ပါဝင်ခဲ့ကြပြီး  Jordan Henderson, Mamadou Sakho, Lucas Leiva, Martin Skrtel, Philippe Coutinho, Adam Lallana, Roberto Firmino, Jose Enrique, Allan Rodgrigues de Souza, Adam Bogdan, Cameron Brannagan နဲ့  Connor Randall စတဲ့ ကစားသမားတွေပါ အစုံအညီ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ဟာ လက်ဆောင်တွေ အပြင် အရုပ်တွေ ၊ လာဘ်ကောင်လေးတွေကို ကလေးငယ်တွေကို ဝေမျှခဲ့ကြပြီး ကလေးငယ်တွေ ကိုလည်း အားပေးစကားတွေ ပြောဆိုပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆေးရုံကိုတော့ မကြာသေးခင်ကမှ မန်ယူတိုက်စစ်မှူး Rooney ကလည်း သွားရောက် လက်ဆောင်တွေ ပေးခဲ့ဖူးပါတယ်။
နည်းပြ Klopp ကလည်း ဝက်ဒ်ဖို့ဒ်အသင်းနဲ့ ပွဲမတိုင်ခင်မှာ အခုလို သွားရောက်ခဲ့တာဖြစ်ပြီး အသင်းအတွက် ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com


Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment