Powered by Blogger.

အခြေအနေဆိုးတွေကနေ ပြန်ကောင်းလာမှာပါလို့ Mata ပြော



မန်ယူအသင်းအနေနဲ့  ပုံစံကောင်း ဆက်တိုက် ပျောက်ဆုံးနေတဲ့ အခြေအနေကို စုစုစည်းစည်းနဲ့  ပြန်ပြင်ဆင်သွားနိုင်မယ်လို့ ကွင်းလယ်လူ  Mata က ပြောပါတယ်။ စနေနေ့က ဘုန်းမောက်အသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဟာ ချန်ပီယံလိဂ်အုပ်စုအဆငကနေ ထွက်လာရတဲ့ မန်ယူအသင်းကို ဖိအားတွေ ပိုများလာစေခဲ့ပါတယ်။

မန်ယlဟာ  သူတို့ရဲ့ နောက်ဆုံးငါးပွဲမှာ နိုင်ပွဲမရှိခဲ့တာကြောင့် အသင်းမန်နေဂျာ Van Gaal ရဲ့ နည်းစနစ်တွေပေါ်မှာ  ဝေဖန်မှုတွေလည်း တရိပ်ရိပ် မြှင့်တက်လာခဲ့ပါတယ်။ အဓိကအနေနဲ့တော့ မန်ယူအသင်း အောင်မြင်ခဲ့တုန်းက အဓိကနေရာမှာ ပါဝင်ခဲတဲ့ ကစားသမားဟောင်းများကတော့ နယ်သာလန်သားနည်းပြရဲ့ နည်းစနစ်တွေဟာ အသင်းအတွက် အနှုတ်လက္ခဏာ ဆန်နေတယ်လို့ ထောက်ပြခဲ့ကြပါတယ်။

ဒါပေမယ့်လည်း စပိန်လက်ရွေးစင် Mata ကတော့ ကလပ်ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ ရလဒ်ကောင်းများကို ပြန်လည် ရယူနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ထားတယ်လို့ ပြောပါတယ်။

“ဒီလို ခက်ခဲတဲ့ အချိန်မျိုးတွေမှာ ကျွန်တော်တို့ ပိုစုစည်းသွားရပါမယ်။ ကျွန်တော် ယုံကြည်တယ်။
ကံကောင်းထောက်မစွာနဲ့ပဲ ဘောလုံးအားကစားဟာ သီတင်းပတ်တိုင်း နောက်ထပ် ကစားစရာ ပွဲတစ်ပွဲ အခွင့်အရေး ရှိနေတယ်လေ။ကျွန်တော်တို့ ပိုကောင်းလာဖို့ လိုပြီဆိုတာ ကောင်းကောင်း သဘောပေါက်ပါတယ်။ နာကျင်စရာ အရှုံးကြောင့် စိတ်ပျက်နေပေမယ့် မားမားရပ်ပြီး နောက်ပွဲအတွက် ကျွန်တော်တို့ ပြင်ဆင်နေရပါမယ်”ဟု မာတာက ပြောပါတယ်။

သူကပဲ “မှန်ကန်တဲ့ စိတ်ထား ခံယူချက်မျိုးနဲ့ ကျွန်တော်တို့ တစ်ဦးချင်းစီ အမြင့်ဆုံးအဆင့် စွမ်းဆောင်ပြနိုင်မယ်ဆိုရင် ဒီအခြေအနေဆိုးကနေ ရုန်းထွက်နိုင်မှာပါ။ ဘောလုံးရာသီက အရှည်ကြီး ကျန်ပါသေးတယ်။

လျှောက်ရမယ့် ခရီးက အဝေးကြီး လိုသေးတယ်။ ကျွန်တော်တို့ ဘယ်တော့မှ လက်မလျှော့ပါဘူး။ အရှုံးမပေးပါဘူး။ အဲ့ဒါသေချာပါတယ်။ဒီဇင်ဘာက ခက်ခဲတဲ့ ကာလတစ်ခုပါ။ ကျွန်တော်တို့ နိုင်ပွဲတွေ စပြီးရဖို့ လိုနေပါပြီ။ ကျွန်တော်တို့ရဲ့ ယုံကြည်မှု ပြန်တည်ဆောက်ရပါတော့မယ်။
ဒါပေမဲ့ လောလောဆယ် အခြေအနေဆိုးတွေက သိပ်မကြာခင် ကျော်လွန် ကုန်ဆုံးသွားမှာပါ”လို့လည်း ပြောခဲ့ပါတယ်။





(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com


Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment