Powered by Blogger.

ချန်ပီယံဖြစ်ဖို့ လက်စတာက နုနယ်ပါသေးတယ်ဆိုတဲ့ Mahrez



လက်စတာအသင်းကွင်းလယ်လူ Mahrez ကတော့ သူတို့အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မမှန်းနိုင်သေးဘူးလို့ ပြောပါတယ်။ လက်စတာဟာ သူတို့ရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ကစားပုံတွေကို ဆက်တိုက်ပြသနိုင်နေတာကြောင့် အသင်းကြီးတွေကို ကျော်တက်ပြီး လူစိတ်ဝင်စားမှုတွေကလည်း မြှင့်တက်လျက်ရှိနေပါတယ်။
လက်စတာအသင်းဟာ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းကို ပြသနေဆဲဖြစ်ပြီး ဇယားထိပ်ဆုံးကို ဦးဆောင်နေပေမယ့်လည်း သူတို့ဟာ ချန်ပီယံဆုကို မမျှော်မှန်းရဲသေးဘူးလို့ Mahrez က ပြောပါတယ်။

လက်စတာအသင်းရဲ့ဂိုးတွေကို သန္ဒေတည်ပြီးနေတဲ့ ဒီဖန်တီးရှင် Mahrez ကလည်း  သူ့အနေနဲ့ လာမယ့် ဇန်နဝါရီမှာ ကင်းပါဝါကနေ ဘယ်နေရာကိုမှာ စွန့်ခွာသွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။ သူဟာ အသင်းမှာတော့ ရာသီကုန်အထိ ဆက်ရှိသွားမှာဖြစ်ပြီး သူ့အနာဂတ်ကိုတော့ ရာသီကုန်ကျမှ ဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။

Mahrez ကတော့ သူတို့အသင်းဟာ မေလလောက်အထိ ဒီလိုပုံစံရှိနေမယ်လို့ အာမ မခံရဲသေးဘူးလို့လည်း ပြောပါတယ်။ " ကျွန်တော်ကတော့ အသင်းမှာ ရာသီကုန်အထိဆက်ရှိနေပါမယ်။ အသင်းကတော့ အခုလောလောဆယ် အကောင်းဆုံးအနေအထားနဲ့ ဦးဆောင်နေတာမှန်ပါတယ်။ ဒါပေမယ့်လည်း အင်အားတောင့်တင်းတဲ့ အသင်းကြီးတွေက အချိန်မရွေးဇယားထိပ်ကို ပြန်ရောက်လာနိုင်ပါတယ်။ ကျွန်တော်တို့ ချန်ပီယံဆုကို မမှန်းသေးဘူး။ ဟုတ်ပါတယ်။ ဒီဝန်ကြီးကို ထမ်းဖို့ ကျွန်တော်တို့ ပုခုံးတွေက နုနယ်နေပါသေးတယ်။ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ ဂိုးတွေသွင်းနေတာက ကျွန်တော်တို့အသင်းဟာ ယုံကြည်မှု ပြည့်ပြည့်ဝဝနဲ့ လမ်းမှန်ရောက်နေတယ်ဆိုတာကို ပြသနေတာပါ " လို့ ပြောပါတယ်။

အသင်းရဲ့ တိုးတင်လာမှုဟာဆိုရင် နည်းပြ Claudio Ranieri ကြောင့်ဖြစ်တယ်လို့လည်း Mahrez က ပြောခဲ့ပြီး နည်းပြဖြစ်သူကို ဂုဏ်ပြုခဲ့ပါတယ်။ သူတို့အသင်းဟာ လေ့ကျင့်ခန်းဆင်းရတိုင်း ပျော်ရွှင်နေကြပြီး အသင်းမှာ တိုးတက်မှုတွေ အမြဲရှိနေတယ်လို့လည်း Mahrez က ပြောပါတယ်။




(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com


Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment