Powered by Blogger.

ကစားသမားတွေ ယုံကြည်မှုပျောက်ဆုံးနေခဲ့တယ်လို့ Martesacker ပြော




ဘိုင်ယန်မြူးနစ်အသင်းကို ငါဂိုး တစ်ဂိုးနဲ့ ရှုံနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အာဆင်နယ် နောက်ခံလူ Martesacker က ပရိသတ်ရဲ့ အားပေးမှုမရခဲ့လို့ ဒီလိုဂိုးပြတ်ရှုံးပွဲကို ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ ဒီပွဲမှာဆိုရင် ပွဲအစ ဆယ်မိနစ်မှာတင်ပဲ ဘိုင်ယန်တိုက်စစ်မှူး Lewandowski က ခေါင်းတိုက်ပြီး ဂိုးသွင်းယူခဲ့တာကြောင့်
အသင်းရဲ့ ချိတ်ဆက်ကစားပုံဟာ ပွဲအစမှာတင် ပျက်ယွင်းနေခဲ့တယ်လို့ ပြောပါတယ်။ အာဆင်နယ် ကွင်းလယ်လူ Ozil က  ချေပဂိုးပြန်လည် သွင်းယူခဲ့ပေးခဲ့ပေမယ့်လည်း လက်ထိနေခဲ့လို့ ဂိုးမရခဲ့ပါဘူး။


ဂိုးအငြင်းခံလိုက်ရတဲ့ အချိန်မှာပဲ ကျွန်တော်တို့အသင်းသားတွေ စိတ်ဓာတ်ကျဆင်းသွားခဲ့တယ်လို့ Martesacker က ပြောပါတယ်။ " ကျွန်တော်တို့ ပွဲအစမှာပဲ ဂိုးပေးလိုက်ရတယ်။ ဒါဟာ ကျွန်တော်တို့အသင်းရဲ့ တုံ့ပြန်အားကိုနှောင့်နှေးသွားစေတဲ့  အကြောင်းရင်းတစ်ခုပဲ။ ကျွန်တော်တို့အသင်း ဂိုးပြန်သွင်းနိုင်ခဲ့တယ်။ လက်ထိဘောဖြစ်နေလို့ ဂိုးငြင်းခံရတဲ့ အချိန်မှာ ကစားအားကသိသိသာသာကျဆင်းသွားတယ်။ အသင်းဟာ ယုံကြည်မှု ဒီထက်လိုအပ်နေသေးတယ်။ အသင်းရဲ့ ကစားသမားတွေကို စိတ်ပျက်မိတယ် " လို့ Martesacker က ပြောပါတယ်။


ဒီလိုအရှုံးကြောင့် အာဆင်နယ်အသင်းဟာ ရှုံးထွက်အဆင့်ကနေ တက်ရောက်ဖို့ ခက်ခဲသွားပြီး လက်ကျန်ပွဲတွေကို အနိုင်ကစားနိုင်ရင်တောင် အုပ်စုတက်ဖို့ မသေချာသေးတဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။

 ( Paing A K )

#သစ်ထူးလွင်(အားကစား)
#health.thihtoolwin.com

Ref: Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment