ချယ်လ်ဆီးအသင်းရဲ့
တိုက်စစ်မှူး Radamel Falcao ဟာ အင်္ဂါနေ့က လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့တာကြောင့် နှစ်ပတ်လောက်အနားယူရတော့မယ်လို့
သိရပါတယ်။ သူဟာ ဒိုင်နမိုကိဗ်အသင်းနဲ့ ကစားရမယ့်ပွဲအတွက် လေ့ကျင့်ခန်းပြုလုပ်စဉ်မှာ
ဒဏ်ရာရခဲ့တာဖြစ်ပြီး သူ့ရဲဒဏ်ရာဟာ အသင်းအတွက် အရေးကြီးတယ်လို့ နည်းပြ Mourinho ကပြောပါတယ်။
ချယ်လ်ဆီးအသင်းရဲ့
တခြားတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ Diego Costa ဟာလည်း လီဗာပူးလ်အသင်းနဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူ
Skrtel ကို ကန်ခဲ့တာကြောင့် FA က စတင်စစ်ဆေးနေပြီး ပွဲပယ်ပြစ်ဒဏ်သာခံခဲ့ရမယ်ဆိုရင်
တိုက်စစ်မှူးပြဿနာ ကြုံတွေ့ရဖွယ် ရှိနေတာပါ။ ဒါပေမယ့် နောက်ခံလူဖြစ်တဲ့ Ivanovic ကတော့
ဒဏ်ရာကနေ ပြန်သက်သာလာပြီး ဒိုင်နမိုကိဗ်အသင်းနဲ့ ပွဲမှာ ပြန်ပါလာမယ်လို့ သိရပါတယ်။
Radamel
Falcao ဟာ ချယ်လ်ဆီးအသင်းမှာဆိုရင်တော့ ဆယ်ပွဲကစား တစ်ဂိုးသာသွင်းယူထားနိုင်တယ်လို့လည်း
သိရပါတယ်။
( Paing AK )
#သစ်ထူးလွင်(အားကစား)
#health.thihtoolwin.com
Ref: Daily Mail
0 comments :
Post a Comment