Powered by Blogger.

၂၀၁၅ အတွက်ဘောလုံးလောကမှ ဆွဲဆောင်မှုအားအကောင်းဆုံး Wags များ


ကမ္ဘာကျော်အားကစားသမားတွေရဲ့   ချစ်သူတွေ ဇနီးမယားတွေက Wags လို့ ခေါ်ဆိုတာကို  အားလုံးက သိပြီးသား ဖြစ်ကြမှာပါ။ အခုအချိန်မှာတော့ totalsportek ဝက်ဘ်ဆိုက်က စစ်တမ်းပြုစုပြီး ဘောလုံးလောက,က ဆွဲဆောင်မှုအားအကောင်းဆုံး Wags တွေကို ထုတ်ပြန်ပေးလိုက်တာပါ။ totalsportek ဝက်ဘ်ဆိုက်ဟာ သတင်းဌာနပေါင်းစုံက သတင်းအရင်းအမြစ်တွေကို အခြေခံပြီး ထုတ်ပြန်ပေးလိုက်တာလည်း ဖြစ်ပါတယ်။


ပထမနေရာမှာရပ်တည်နေတာကတော့ မန်ယူနောက်ခံလူ Smalling ရဲ့ ချစ်သူ   Sam Cooke ပါ။ သူမကတော့ Glamour မော်ဒယ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ကောက်ကြောင်းအလှတွေကြောင့် ပုရိသတွေက  Smalling ကိုတောင် မနာလိုဖြစ်သွားစေနိုင်တယ်လို့ ဆိုပါတယ်။



ဒုတိယနေရာမှာတော့ မန်စီးတီးနောက်ခံလူ Martin Demichelis ရဲ့ ဇနီး  Evangelina Anderson ပါ။ သူမကတော့ အသက်၃၄ နှစ်ရှိပြီဖြစ်ပြီး Playboy မော်ဒယ်ဟောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။



တတိယနေရာမှာတော့ ဆောက်သမ်တန်တိုက်စစ်မှူး Graziano Pelle ရဲ့ ချစ်သူပါ။ သူမကတော့ ဟန်ဂေရီမော်ဒယ်တစ်ယောက်ဖြစ်ပြီး နာမည်ကြီးမော်ဒယ်တွေထဲက တစ်ယောက်ပါပဲ။




စတုတ္ထအနေနဲ့တော့ ရှော်ကေးအသင်းကစားသမား Kevin-Prince Boateng ရဲ့ ချစ်သူ Melissa satta ပါ။ သူမကတော့ အမေရိကန်ရုပ်သံတင်ဆက်သူဖြစ်ပြီး ညှို့အားပြင်းတဲ့ အလှဓာတ်ပုံတွေကြောင့် နာမည်ကြီးသူတစ်ယောက်ပါ။



နောက်တစ်ယောက်ကတော့ အက်စတွန်ဗီလာ ကွင်းလယ်ကစားသမား Tom Cleverly ရဲ့ ဇနီးပါ။ သူမကတော့ Cleverley နဲ့ လွန်ခဲ့တဲ့ ဇွန်လက မင်္ဂလာပွဲကို ဆင်နွှဲခဲ့တာလည်း ဖြစ်ပါတယ်။



အခြားသော ညှို့အားပြင်း Wags တွေကိုတော့ ထပ်မံဖော်ပြပေးသွားပါမယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : totalsportek

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment