Powered by Blogger.

ရီးရဲလ်မက်ဒရစ်က ခြေစွမ်းပြနေတဲ့ အာဆင်နယ်ကစားသမား Sanchez ကို ချိန်ရွယ်နေ




ကစားသမားတစ်ယောက်က ကမ္ဘာ့အဆင့်ခြေစွမ်းမျိုးပြလာရင် အငြိမ်မနေတတ်ဘဲ ခေါ်ယူတတ်တာဟာ ရီးရဲလ်မက်ဒရစ်အသင်းပါပဲ။ အခုဆိုရင်လည်း ဒီရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ ချီလီစူပါစတား  Sanchez  ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ အမြှောက်တပ်သားတွေကတော့ Sanchez ကို စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ကြားဝင်နှောင့်ယှက်မှုတွေကြောင့် ကြန့်ကြာသွားနိုင်တယ်လို့ သိရပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းဟာ Sanchez ကို ပေါင် ၃၇.၃ သန်းနဲ့ လူငယ်ကစားသမား Denis Cheryshe
ပြီးခဲ့တဲ့ ပီရူးအသင်းနဲ့ ပွဲစဉ်မှာလည်း မိခင်နိုင်ငံအသင်းအတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
v ကိုပါအလိုက်ပေး ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။  Sanchez ဟာ ကလပ်အသင်းရော နိုင်ငံအသင်းမှာပါ မှော်ဝင်ခြေစွမ်းတွေကို ပြသလျက်ရှိပြီး


ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကြယ်ပွင့်ဖြစ်တဲ့ Eden Hazard ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံးတွေချည်းရှိတဲ့ ဂလက်ဆီကြယ်စင်စုကို တဖြည်းဖြည်းနဲ့ ပြန်လည်တည်ဆောက်နေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်သတင်းတွေအရ အာဆင်နယ်အသင်းဟာ ဆယ်လ်တာဗီဂိုအသင်းတောင်ပံကစားသမား Nolito ကိုလည်း ဘာစီလိုနာအသင်းထက်လက်ဦးမှုရယူဖို့ ကြိုးစားနေပြီး PSG အသင်းရဲ့ လူငယ်ကစားသမား Adrien Rabiot ကိုလည်းချိန်ရွယ်နေတာပါ။ သူ့ကိုတော့ PSG အသင်းက ပေါင်၂၁သန်း ဈေးဖွင့်ထားပြီး ချယ်လ်ဆီး၊ စပါး ၊ လီဗာပူးလ်စတဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေနဲ့ အပြိုင်လုရဖွယ်ရှိနေပါတယ်။

(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment