Powered by Blogger.

Schweinsteiger ကို ခေါ်ယူရသည့် အကြောင်းရင်းကို မန်ယူနည်းပြ Van Gaal ထုတ်ဖော်ပြောကြား




မန်ယူနည်းပြ Van Gaal  ဟာ  Schweinsteiger ကို ခေါ်ယူရတဲ့အကြောင်းရင်းကို ထုတ်ဖော်ပြောကြားလိုက်တယ်လို့ သိရပါတယ်။

Schweinsteiger ဟာ ကစားသမားဘဝစတင်တည်းက ဘိုင်ယန်အသင်းမှာပဲ ကစားခဲ့ပေမယ့် အခုနှစ်နွေရာသီမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ သရဲနီတို့ဆီကို ရောက်ရှိလာခဲ့တာပါ။

အသက်၃၁နှစ်ရှိနေပြီ ဖြစ်တဲ့  Schweinsteiger ကို ဘာကြောင့်ခေါ်ယူခဲ့ရတယ်ဆိုတာကို ချန်ပီယံလိဂ်အကြို သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောပြခဲ့တာပါ။

"ကျွန်တော့်ကို အသက်အရွယ်အရအကျပိုင်းရောက်နေတဲ့ ကစားသမားကို ဘာကြောင့်ခေါ်ခဲ့လဲဆိုတာကို တော်တော်များများက မေးခွန်းထုတ်ခဲ့ကြပါတယ်။ ကျွန်တော်ကတော့ သူ့ကိုဦးဆောင်နိုင်စွမ်းရှိတဲ့ ကစားသမားလို့ထင်မိပါတယ်။"

"ကွင်းလယ်မှာ အခုလို ဝါရင့်ကွင်းလယ်လူတစ်ယောက်နဲ့တွဲထား ပေးရင် ကောင်းမယ်လို့ ကျွန်တော်မြင်မိတယ်လေ။သူဟာ Morgan Schneiderlin တို့လို လူငယ်ကွင်းလယ်လူတွေအတွက်တော့ စံပြကစားသမားတစ်ဦးပါ။ သူကြောင့် အသင်းရဲ့ ကစားပုံဟာ တဖြည်းဖြည်းရင့်ကျက်လာပြီလို့ ထင်မိပါတယ်" လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်  Schweinsteiger ကလည်း " ကျွန်တော်ဟာ သမိုင်းကြောင်းနဲ့ ဂုဏ်ဒြပ်တွေကြီးမားခဲ့တဲ့ အသင်းတစ်ခုမှာ ကစားရလို့ ဂုဏ်ယူမိပါတယ်။ ကျွန်တော်က တစ်ခါတစ်လေတော့ အိမ်ကိုလွမ်းမိတာမျိုးတေါတော့ ရှိတာပေါ့ဗျာ။ အရင်အသင်းဖော်တွေနဲ့လည်း အမြဲတမ်း SMS တွေဖလှယ်နေတုန်းပဲလေ " လို့ သူ့ခံစားချက်ကို ဖွင့်ဟသွားခဲ့ပါတယ်။

သူဟာ Van Gaal မျှော်လင့်သလိုပဲ ကွင်းလယ်ကို အကောင်းဆုံး ဦးဆောင်ပြီး လူငယ်တွေကို အတွေ့အကြုံ ရင့်ကျက်လာအောင် ပျိုးထောင်ပေးနိုင်မလားဆိုတာ ဆက်လက်စောက့်ကြည့်ရတော့မှာပါ။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : manutd.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment