Powered by Blogger.

FA ဥက္ကဌ Greg Dyke က ချယ်လ်ဆီးနည်းပြ Mourinho ကို ပြစ်တင်ခဲ့



FA ဥက္ကဌ Greg Dyke ဟာ  ချယ်လ်ဆီးနည်းပြ  Mourinho ကိုပြစ်တင်ခဲ့တယ်လို့ သိရပါတယ်။
Mourinho ဟာ အခြားနယ်ပယ်တွေမှာ အောင်မြင်နေပေမယ့် လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ ကျရှုံးနေတဲ့သူလို့ တံဆိပ်ကပ်အပြစ်တင်လိုက်တာပါ။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့လက အသင်းဆရာဝန် Eva Carneiro နဲ့ ပြဿနာတက်ခဲ့တာကို Dyke ကရည်ွယ်ပြီးပြောကြားခဲ့တာပါ။
Dyke ဟာ FA အဖွဲ့ဝင်တွေကို စာတစ်စောင်ပေးပို့ခဲ့ပြီး မိမိတို့ဟာ စစ်မှန်မှုနဲ့ တရားမျှတမှုကို အမှန်တကယ်ဖော်ဆောင်ပေးရမယ်လို့ ညွှန်ကြားထားတယ်လို့သိရပါတယ်။

Dyke ဟာ  Mourinho ကို တောင်းပန်မှုတစ်ခုလောက် ပြုလုပ်ပေးသင့်တယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။
ဒီသတင်းတွေဟာ FA  အဖွဲ့ဝင် အမျိုးသမီးတစ်ဦးဖြစ်တဲ့ Heather Rabbatts ဆီကနေ ကြားသိခဲ့ရတာဖြစ်ပါတယ်။
 Heather Rabbatts ကတော့ FA ရဲ့ ဒီကိစ္စရပ်အပေါ်ကိုင်တွယ်မှုဟာ ပျော့ညံ့လွန်းတယ်လို့ ထင်နေတာဖြစ်ပြီး Mourinho ကို
ထိုက်လျောက်တဲ့ ပြစ်ဒဏ်ပေးဖို့ တောင်းဆိုနေခဲ့တာဖြစ်ပါတယ်။

 " Mourinho ဟာ အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့ပေမယ့် သူ့ကိုသူမှန်တယ်လို့ပဲ ထင်နေခဲ့ပါတယ်။ သူဟာ Carneiro  ကို တောင်းပန်မှုတွေ ဘာတွေပြုလုပ်ခဲ့သင့်တာပါ။ ဒါပေမယ့် သူက ဒီကိစ္စကို အနည်းငယ်ပဲ စကားပြောထားပြီး တောင်းပန်မှုတောင်
ပြုလုပ်ဖို့ ဝန်လေးနေခဲ့တယ်လို့  " Heather Rabbatts က သူမရဲ့ ထင်မြင်ချက်ကို ပြောပြသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဆရာဝန်များအဖွဲ့ကလည်း Mourinho ကို ပြစ်တင်ထားပြီး Carneiro ဘက်ကပဲ အပြည့်အဝရပ်တည်ပေးမယ်လို့
ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဒီကိစ္စရပ်မှာလည်း Mourinho ကတော့ ဗီလိန်ဇာတ်ကောင်ဖြစ်နေခဲ့ပြန်ပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Mirror




Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment