Powered by Blogger.

တနင်္ဂနွေနေ့မှာ မလွတ်တမ်းကြည့်ရမယ့် ပရီးမီးယားလိဂ်ရဲ့ အပြင်းထန်ဆုံးပွဲ


ဒီတစ်ပတ်ရဲ့ တနင်္ဂနွေနေ့မှာတော့ ချိန်းထားတာလေးတွေရှိရင်တောင် ဖျက်ထားပါလို့ ပြောပြောနေရလောက်အောင် hot ဖြစ်နေတဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲရှိနေပါတယ်။
ဒီပွဲကတော့ အစဉ်အလာကြီးမားပြီး သူတို့နှစ်သင်းတွေ့ရင် ပြိုင်ဆိုင်မှုပြင်းထန်တတ်တဲ့ အာဆင်နယ်နဲ့ မန်ယူအသင်းတို့ရဲ့ပွဲစဉ်ပါ။

အာဆင်နယ်အသင်းကတော့ ပရီးမီးယားလိဂ်မှာ ရလဒ်မဆိုးလှပေမယ့် ချန်ပီယံလိဂ်မှာ ရှုံးပွဲတွေဆက်တိုက်ကြုံတွေ့နေရတာကတော့ စိတ်ပျက်စရာပါ။
နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ Sanchez နဲ့ Walcott တို့က အတွဲအဖက်မိပြီး ဂိုးတွေပုံမှန်သွင်းနေပေမယ့်
နောက်တန်းတွေက ဂိုးတွေပုံမှန်ပေးနေတာက စိတ်ပျက်စရာကောင်းလှပါတယ်။

တောင်ပံကစားသမား Ozil ရဲ့ ခြေစွမ်းကလည်း အတက်အကျမြန်ပါတယ်။ သူခြေစွမ်းပြနိုင်ရင်တော့ အသင်းအတွက် အများကြီးအကျိုးရှိသွားသလို ခြေစွမ်းမပြနိုင်ချိန်မှာ အသင်းရဲ့ Tempo က ထိုးကျသွားတတ်တာကို တွေ့ရပါတယ်။ နောက်ခံလူနေရာမှာ အနည်းငယ်ပြဿနာလည်းရှိနေပါတယ်။

မန်ယူအသင်းကတော့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပုံစံကို ရောက်ရှိနေပြီး နောက်ပိုင်းပွဲတွေမှာ ကွင်းလယ်ကစားသမားတွေက အကောင်းဆုံးပုံစံမှာရောက်နေတာကို တွေ့ရမှာပါ။တိုက်စစ်မှူးတွေရဲ့ ခြေစွမ်းကလည်း အခွင့်အရေးရရင်ရသလို အသုံးချတတ်နေတာကိုတွေ့ရပါတယ်။ ကွင်းလယ်လူ Mata ကလည်း နောက်ပိုင်းပွဲတွေမှာ ပုံစံကောင်းကို ရနေတာကြောင့် ကြောက်မက်ဖွယ်ပါပဲ။ မထင်မျတ်တဲ့အနေအထားတွေကနေ ဂိုးရတတ်တယ်။

ဒါပေမယ့်မန်ယူအသင်းရဲ့နောက်တန်းဟာ ပုံစံကောင်းရနေတဲ့အသင်းကြီးတွေနဲ့ စမ်းသပ်ခံဖူးသေးခြင်းမရှိသေးတာကြောင့်  စောင့်ကြည့်ရအုံးမှာပါ။
အားလုံးကိုခြုံငုံသုံးသပ်ရမယ်ဆိုရင် အာဆင်နယ်အသင်းရဲ့ လျင်မြန်တဲ့ကစားဟန်ကို မန်ယူနောက်တန်းတွေ ထိန်းချုပ်နိုင်မှာမဟုတ်ပဲ ရှုံးနိမ့်သွားဖို့များပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : EPL

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment