Powered by Blogger.

အင်္ဂလန် အသင်းရဲ့ နိုင်ငံတကာ သွင်းဂိုး အများဆုံး သွင်းနိုင်သူ အဖြစ် စံချိန်တင်ခဲ့တဲ့ Wayne Rooney




အင်္ဂလန် တိုက်စစ်မှုး Wayne Rooney ဟာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ စံချိန် တင် ဂိုးသွင်းယူနိုင်သူ ဖြစ်လာခဲ့ပါပြီ။ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ Euro 2016 ခြေစစ်ပွဲအဖြစ် အင်္ဂလန် အသင်းက ဆွစ်ဇာလန် အသင်း ကို ၂ဂိုး-ဂိုးမရှိ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ Rooney ဟာ သူ့ရဲ့ နိုင်ငံတကာသွင်းဂိုး ၅၀ မြောက်ဂိုး ကို သွင်းယူခဲ့နိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှုး Wayne Rooney ဟာ အင်္ဂလန် အသင်းရဲ့ ဂန္တ၀င် တိုက်စစ်မှုး Sir Bobby Charlton ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆွစ်ဇာလန် နဲ့ ပွဲ ဒုတိယ ပိုင်းမှာ Raheem Sterling ကို ဆွစ်ဇာလန် နောက်တန်း က ပင်နယ်တီ စည်းဝိုင်းထဲမှာ ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့တဲ့ အတွက် ပင်နယ်တီ ကန်ခွင့်ရခဲ့ပါတယ်။ ထို ပင်နယ်တီ ကို Rooney က ဂိုးဖြစ်အောင် ပြောင်းလဲပေးခဲ့ပြီး အင်္ဂလန် အသင်းရဲ့ စံချိန်တင် ဂိုးအများဆုံး သွင်းသူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

တော့တင်ဟမ် အသင်းရဲ့ တိုက်စစ်မှုး Harry Kane ကတော့ အင်္ဂလန် အသင်းရဲ့ ပထမ ဂိုးကို လူစားလဲ ၀င်လာပြီးတဲ့နောက်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

Rooney ဟာ ပြီးခဲ့တဲ့ အပတ်က ယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလန် အသင်း နဲ့ San Marino အသင်းတို့ရဲ့ ပွဲမှာကတည်းက ၄၉ ဂိုးမြောက်ဂိုးကို သွင်းယူခဲ့ပြီး အင်္ဂလန် ဂန္တ၀င် တိုက်စစ်မှုး Sir Bobby Charlton စံချိန်တင်ထားတဲ့ နိုင်ငံတကာ သွင်းဂိုး ၄၉ ဂိုး ကို နဲ့ ရင်ဘောင်တန်း ညီမျှ ခဲ့ပါတယ်။

အခုတော့ အင်္ဂလန် အသင်းအတွက် နိုင်ငံတကာ သွင်းဂိုး အများဆုံး သွင်းပေးထားနိုင်သူ အဖြစ် စံချိန်တင်ခဲ့တဲ့ Wayne Rooney ကို Sir Bobby Charlton ကိုယ်တိုင် နောက်လထဲမှာ ဆုပေးအပ်သွားမယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment