Powered by Blogger.

စပိန်နိုင်ငံက လက်ခံထားတဲ့ ဒုက္ခသည်တွေအတွက် Real Madrid အသင်း ယူရိုတစ်သန်းတိတိ လှူဒါန်းမည်




စပိန်လာလီဂါအသင်းကြီး Real Madrid ဟာ စပိန်နိုင်ငံက လက်ခံထားတဲ့ အိုးအိမ်စွန့် ပြေးလာသူ ဒုက္ခသည်တွေကို ကူညီဖို့ အတွက် ယူရို တစ်သန်း ပေးအပ်ကူညီသွားမှာဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။

ဥရောပချန်ပီယံဆု ၁၀ ကြိမ်ရ Real Madrid အသင်းရဲ့ ဥက္ကဌ Florentino Perez ဟာ စပိန်ဝန်ကြီးချုပ် Mariano Rajoy နဲ့ သောကြာနေ့ က ဖုန်းနဲ့ ဆွေးနွေးမှုအပြီးမှာ ကလပ်အသင်းက အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။

Real Madrid အသင်းဟာ ကလပ်ရဲ့ အခြေခံအဆောက်အအုံတွေနဲ့ အားကစားပစ္စည်း အချို့ ကို ဒုက္ခသည်လက်ခံရေးအတွက် စီစဉ်ထားတဲ့ စပိန် အစိုးရရဲ့ ၀န်ကြီးအဆင့် ကော်မရှင်အစီအစဉ်မှာလည်း အသုံးပြုခွင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Real Madrid အသင်းထက်အရင် ဂျာမနီကလပ် Bayern Munich အသင်းက လွန်ခဲ့တဲ့အပတ်မှာ ဒုက္ခသည်တွေအတွက် ယူရို တစ်သန်းပေးအပ်သွားဖို့ ကြေညာခဲ့ပြီး ဒုက္ခသည်ကလေးငယ်တွေအတွက် ဘာသာစကားသင်တန်းတွေနဲ့ အစားအသောက်တွေ ကျွေးမွေးမယ့် လေ့ကျင့်ရေးစခန်းတွေကိုလည်း စီစဉ်ပေးသွားမှာဖြစ်ပါတယ်။

Borussia Dortmund အသင်းကလည်း လွန်ခဲ့တဲ့အပတ်က Odds Ballklubb အသင်းနဲ့ ပွဲစဉ်မှာ ဒုက္ခသည်တွေအတွက် အခမဲ့လက်မှတ် အစောင်ရေ ၂၀၀ ပေးအပ်ခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : CNN
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment