Powered by Blogger.

ဘာစီလိုနာတိုက်စစ်မှုး Messi အလွန်ဆုံး ၂ လသာ နားရမည်ဟု အာဂျင်တီးနားအသင်းဆရာဝန်ပြော




အာဂျင်တီးနားအသင်းရဲ့ဆရာဝန်  Donato Villani က Messi ရဲ့ ဒဏ်ရာဟာ  အလွန်ဆုံး ၂ လခန့်သာ အနားယူရမယ်လို့ ပြောခဲ့ပါတယ်။

Messi ဟာ စနေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ Las Palmas နဲ့ ပွဲမှာ ဒူးတွင်းအရွတ်စုတ်ပြဲဒဏ်ရာရခဲ့တာဖြစ်ပြီး ရက်သတ္တပတ် ခုနစ်ပတ်ကနေ ရှစ်ပတ်အထိ အနားယူရမယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးရဲ့ဒဏ်ရာဟာ ဘာစီလိုနာအသင်းရော အာဂျင်တီးနားအသင်းအတွက်ပါ ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် အာဂျင်တီးနားအသင်းရဲ့ ဆရာဝန်  Donato Villani က Messi ဟာ ထင်ထားတာထက်ပိုမိုပြီး လျင်လျင်မြန်မြန် သက်သာလာမယ်လို့ မျှော်လင့်ရပါတယ်လို့ ဆိုပါတယ်။

" သူဟာ ပြန်ကစားဖို့ကို စိတ်အားထက်သန်နေပါတယ်။ သူ့ရဲ့ ဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်ပြီးရင်တော့ မြန်မြန်ပြန်ကစား မကစားနိုင်ဆိုတာကို ဆုံးဖြတ်လို့ရပြီ " လို့ အာဂျင်တီးနားအသင်းရဲ့ဆရာဝန်  Donato Villani က ပြောပါတယ်။

Messi ဟာ ယခုရာသီမှာ ဂိုးသွင်းနှုန်းတွေကျဆင်းနေပြီး သွင်းယူထားတဲ့ ဂိုးတွေကလည်း ပင်နယ်တီကနေ အများစု ဖြစ်နေတာကြောင့် ဖိအားတွေရှိနေခဲ့တာပါ။ အခုလို ဒဏ်ရာတွေ ထပ်ရသွားတာကတော့ စိတ်မကောင်းစရာပါပဲ။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment