Powered by Blogger.

အာဆင်နယ် အသင်း၏ ကစားပုံမှာ တစ်ပတ်ထက်တစ်ပတ် ပိုမို တိုးတက်လာပြီဟု Arsene Wenger ယုံကြည်




အာဆင်နယ်အသင်းရဲ့နည်းပြ Arsene Wenger က အသင်းရဲ့ကစားပုံဟာ ပိုမိုတည်ငြိမ်မှုရှိလာပြီလို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ လက်စတာစီးတီးအသင်းကို အဝေးကွင်းမှာ အကောင်းဆုံးခြေစွမ်းပြပြီး အနိုင်ယူခဲ့တာပါ။

အဲ့ဒီပွဲမှာ အာဆင်နယ်အသင်းဟာ Vardy ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပြီး နောက်ပိုင်းမှာ အကောင်းဆုံးပုံစံနဲ့ တုံ့ပြန်ကစားခဲ့တာပါ။

တိုက်စစ်မှူးအဖြစ်ပွဲထွက်လာခဲ့တဲ့  Theo Walcott က ချေပဂိုးပြန်လည် သွင်းယူပေးခဲ့တာပါ။ ချေပဂိုးပြန်လည်ရယူနိုင်ခဲ့တဲ့နောက်မှာ Alexis Sanchez က အကောင်းဆုံးခြေစွမ်းနဲ့ ဂိုးတွေထပ်မံသွင်းယူပေးခဲ့တာပါ။ လူစားဝင်တိုက်စစ်မှူး Giroud ကလည်း လှပတဲ့ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့လို့ သူ့ပေါ်ကျရောက်နေတဲ့ ဖိအားတွေကို လျှော့ချနိုင်ခဲ့ပါတယ်။

 ရယူနိုင်ခဲ့တဲ့ ဂိုးတွေကလည်း ကွင်းလယ်နဲ့ တိုက်စစ်ကအကောင်းဆုံး ချိတ်ဆက်မှုတွေပြုလုပ်ပေးခဲ့တာကြောင့်ပါ။ ဒါကြောင့်  Arsene Wenger  က သူ့ရဲ့အသင်းကို အားရနေခဲ့တာဖြစ်ပြီး အကောင်းဆုံးပုံစံကို ပြန်ရောက်လာခဲ့ပြီလို့ ပြောခဲ့တာပါ။

ဒါပေမယ့် တစ်ပွဲကောင်းလိုဖြစ်နေတဲ့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကို ပရိတ်သတ် အတော်များများက နှစ်သက်ခြင်း မရှိသေးဘဲ အသင်းနောက်တန်းကို အကောင်းဆုံးခြိမ်းခြောက်နိုင်ခဲ့တဲ့ လက်စတာတိုက်စစ်မှူး Vardy ကိုခေါ်ယူပေးဖို့ တိုက်တွန်းနေကြတယ်လို့ သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thiyhtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment