Powered by Blogger.

ကမ္ဘာကျော်တိုက်စစ်မှူး C.Ronaldo က သူ့ရဲ့ မှတ်တမ်းရုပ်ရှင်မှ ဇာတ်ဝင်ခန်းအချို့ကို အကြို ပြသ




ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး  Cristiano Ronaldo ဟာ အချိန် ၁၄ လကြာအောင် ဖန်တီးခဲ့ရတဲ့ သူ့ရဲ့မှတ်တမ်းရုပ်ရှင်က ဇာတ်ဝင်ခန်းအချို့ကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ မျှဝေခဲ့ပါတယ်။

ဒီနှစ်မိနစ်စာ အကြိုပြသမှုမှာ Cristiano Ronaldo ဟာ ငယ်စဉ်ကလေးဘဝကနေ သုံးကြိမ်မြောက် Ballon d'Or  ဆုကို ရယူနိုင်ခဲ့တဲ့အထိ ပါဝင်ခဲ့ပါတယ်။

သူဟာ မကြာသေးခင်ကမှ ကိုယ်ပိုင်ရေမွှေးကို မိတ်ဆက်ခဲ့ပြီး အခုအချိန်မှာတော့ ရုပ်ရှင်ကိုပါ စတင်မိတ်ဆက်လိုက်တာပါ။

ဒီရုပ်ရှင်မှာ Ronaldo ရဲ့ ဘောလုံးသမားဘဝ သာ မကပဲ သူ့ရဲ့ မိသားစုတွေ သူငယ်ချင်းတွေနဲ့ လူမှုနေထိုင်မှုဘဝပုံစံကိုပါ  ထင်ဟပ်ပြသထားတယ်လို့ သိရပါတယ်။

သူ့ရဲ့ ဇာတ်ကားဟာ နိုဝင်ဘာ ၉ ရက်နေ့မှ တရားဝင်ပြသမှာဖြစ်ပေမယ့် ယခုအချိန်တည်းက စတင်ပြီး သူ့ရဲ့ပရိတ်သတ်တွေက  Oscar ဆုအတွက် တစ်ပေးနေကြပါပြီ။

ဒီရုပ်ရှင်အတွက်  သူဟာ ဝက်ဘ်ဆိုက်တစ်ခုကိုတောင်လွှင့်တင်ထားပါတယ်။ သူ့ရဲ့ရုပ်ရှင်အတွက် အသေးစိတ်အချက်အလက်တွေကိုတော့  www.ronaldothefilm.com မှာ ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment