Powered by Blogger.

Andre Schurrle က ချယ်လ်ဆီးအသင်းကို စွန့်ခွာခဲ့ရသည့် အကြောင်းရင်းကိုဖွင့်ဟ




ချယ်လ်ဆီးကွင်းလယ်လူဟောင်း Andre Schurrle က နည်းပြ Mourinho ၏ ယုံကြည်မှုကို မရခဲ့သဖြင့် အသင်းကို စွန့်ခွာခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျာမနီလက်ရွေးစင် ကစားသမားဟာ ချယ်လ်ဆီးအတွက် ပထမရာသီမှာ ရှစ်ဂိုးအထိသွင်းယူ နိုင်ခဲ့ပြီး ကွင်းလယ်ကနေ ဖန်တီးမှု အကြိမ်ရေတော်တော်များများကိုလည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယရာသီဝက်အရောက်မှာ နည်းပြရဲ့ ယုံကြည်မှုကိုပျောက်ဆုံးခဲ့ပြီး နေရာပျောက်သွားခဲ့တာပါ။ ဒါကြောင့်သူဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျကို စွန့်ခွာခဲ့ပြီး ဂျာမန်မြေက ဝုလ်ဖ်ဘတ်အသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

" ကျွန်တော်ဟာ ချယ်လ်ဆီးမှာ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပါတယ်လို့ ကိုယ့်ကိုကိုယ်ထင်မိပါတယ်။

ဒါပေမယ့် ဒုတိယရာသီမှာ နည်းပြရဲ့ယုံကြည်မှုကို မရခဲ့ပါဘူး။ ကျွန်တော့်ကို ပွဲဦးထွက်အဖြစ် အသုံးပြုခဲ့တာ ရှားလွန်းခဲ့ပါတယ်။ အရန်ကစားသမားအဖြစ်ပဲ သဘောထားခဲ့ပါတယ်။ သူဟာ ကြီးကျယ်ခမ်းနားတဲ့ နည်းပြတစ်ဦးပါ။ ဒါပေမယ့် သူ့ရဲ့ ထင်မြင်ချက်တွေကလည်း တစ်ခါတစ်လေတော့ ဆိုးရွားလွန်းပါတယ် " လို့ပြောသွားခဲ့ပါတယ်။  

သူဟာ ဝုလ်ဖ်ဘတ်အသင်းမှာလည်း ပျော်ရွှင်နေပါပြီလို့ ထပ်လောင်းပြောပြသွားခဲ့ပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thihtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment