Powered by Blogger.

Kevin De Bruyne ကို ခေါ်ယူဖို့ စတာလင်ပေါင် ၅၈ သန်းနဲ့ မန်စီးတီး အသင်း သဘောတူညီမှု ရရှိ




ပရီးမီးယားလိဂ် ထိပ်တန်း အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာစီးတီး အသင်းဟာ Kevin De Bruyne ကို ခေါ်ယူဖို့အတွက် ၀ုဖ်ဘာ့ဂ် အသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၅၈ သန်းကို သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။

မန်ချက်စတာ စီးတီး အသင်းဟာ ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံကစားသမား Kevin De Bruyne ကို ခေါ်ယူနိုင်ဖို့အတွက် နွေရာသီ တစ်ခုလုံး ကြိုးစားနေခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညမှာမှ အပြောင်းအရွှေ့ သဘောတူညီမှု ရရှိသွားကြတာဖြစ်ပါတယ်။

မန်စီးတီး အသင်းရဲ့ ခေါ်ယူမှုမှာ ပြောင်းရွှေ့ကြေးတစ်ခုပဲ ပေါင် ၅၈ သန်း တန်ဖိုးရှိခဲ့တာမဟုတ်ပဲ အသက် ၂၄ နှစ်အရွယ် Kevin De Bruyne ကိုလည်း တစ်နှစ်ကို စတာလင်ပေါင်၁၅သန်းခန့် လုပ်အားခ ရရှိမယ့် ၆ နှစ်စာချုပ် နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဝုဖ်ဘာ့ဂ် အသင်းအနေနဲ့ အသင်းရဲ့ ကြယ်ပွင့်ဖြစ်တဲ့ Kevin De Bruyne ကို ထိန်းသမ်းထားနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ရှာပါဘူး။

မန်စီးတီး အသင်းရဲ့ မန်နေဂျာ တစ်ယောက်ဖြစ်တဲ့ Manuel Pellegrini ဟာ Raheem Sterling ၊ Nicolas Otamendi ၊ Fabian Delph နဲ့ Patrick Roberts တို့ကို ခေါ်ယူခဲ့မှု အပါအ၀င် Kevin De Bruyne ကို ခေါ်ယူခဲ့မှု ကို ပါ ပေါင်းထည့်လိုက်မယ်ဆိုရင်တော့ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ကာလ အတွက် စုစုပေါင်း စတာလင်ပေါင် သန်း ၁၄၀ ခန့် သုံးစွဲပြီး ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment