Powered by Blogger.

Capital One ဖလားတတိယအဆင့် မဲနှိုက်ရွေးချယ်မှုထွက်ပေါ်၊ တော့တင်ဟမ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမယ့် အာဆင်နယ်




အာဆင်နယ်အသင်းဟာ နောက်လမှာယှဉ်ပြိုင်မယ့် Capital One ဖလားတတိယအဆင့်မှာ တော့တင်ဟမ် ကွင်းကို သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အင်္ဂါနေ့ ညက မဲနှိုက်ရွေးချယ်ခဲ့တဲ့ တတိယအဆင့်ပွဲစဉ်တွေမှာ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ ရဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်က အကြိတ်အနယ်အရှိဆုံးပွဲစဉ်တစ်ခုဖြစ်ပါတယ်။

အာဆင်နယ်ဟာ Capital One ဖလားကို ၁၉၉၃ ခုနှစ်က နောက်ဆုံးအကြိမ်ရရှိပြီးနောက် ယခုနှစ်မှာ ပြန်လည်ရယူဖို့ မျှော်မှန်းလျက်ရှိပြီး တော့တင်ဟမ်ကလည်း ၂၀၀၈ ခုနှစ်က အောင်မြင်မှုမျိုး ပြန်လည်ရယူဖို့ မျှော်လင့်လျက်ရှိပါတယ်။

နောက်ထပ်ကြည့်ကောင်းမယ့်ပွဲစဉ်ကတော့ အင်္ဂလန်အလယ်ပိုင်းဒါဘီပွဲစဉ်ဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ ဘာမင်ဂမ်တို့ ပွဲစဉ်ဖြစ်ပြီး ဗီလာကွင်းမှာယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မန်ယူအသင်းကတော့ အစ်ဆွစ်ခ်ျတောင်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လက်ရှိချန်ပီယံ ချယ်လ်ဆီး အသင်းကတော့ ဝေါဆောအသင်းကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

တတိယအဆင့်ပွဲစဉ်တွေကို စက်တင်ဘာ ၂၁ ရက်မှာ စတင်ကစားမှာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment