Powered by Blogger.

၂၂ ရက်နေ့ည ပရီးမီးယားလိဂ် ပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်များ




မန်ချက်စတာယူနိုက်တက် Vs နယူးကာဆယ်လ် ( မြန်မာစံတော်ချိန် ၆း၁၅ မိနစ် )

ဒီ ၂ သင်းရဲ့ နောက်ဆုံး ပွဲစဉ်တွေကို ယှဉ်ကြည့်မယ်ဆိုရင်တော့ မန်ယူ အသင်းဟာ အခုတစ်ခေါက် ရာသီ ပြန်အစမှာ နိုင်ပွဲ ၃ ပွဲ ဆက်နေခဲ့ပြီး ရှုံးပွဲမရှိသေးပါဘူး။ ယခင်ဘောလုံးရာသီရဲ့နောက်ဆုံး ၂ ပွဲ မှာလည်း သရေ ရလဒ်သာရှိခဲ့ပါတယ်။ နယူးကာဆယ်ရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်ကတော့ ၂ ပွဲ ရှုံး ၂ ပွဲ သရေ နဲ့ ၁ ပွဲ သာအနိုင်ရခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု မှာတော့ နယူးကာဆယ် က အိမ်ကွင်းမှာ မန်ယူကို ၁ဂိုး-ဂိုးမရှိ နဲ့ အနိုင်ရထားပါတယ်။ လက်ရှိ မန်ယူ ရဲ့ အဓိက အားနည်းချက်က တိုက်စစ်မှာ လူမရှိတာပါ။ လောလောဆယ်မှာတော့ Rooney နဲ့ Januzaj တို့၂ ယောက်ကို အားပြုရမှာ ဖြစ်တဲ့အတွက် အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်မယ့် ဒီ ပွဲဟာ မန်ယူ ဘက် က ကပ်ပြီးနိုင်သွားဖို့ များနေပါတယ်။

ခရစ္စတယ်ပဲလေ့စ် Vs အက်စတွန်ဗီလာ ( မြန်မာစံတော်ချိန် ည ၈း၃၀ မိနစ် )

ခရစ္စတယ်ပဲလေ့စ် အသင်း ရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်ဟာ  ၂ပွဲ ရှုံး ပြီး ၃ ပွဲနိုင်ထားပါတယ်။ အက်စတွန်ဗီလာ အသင်းကတော့ ၄ ပွဲရှုံးပြီး ၁ ပွဲ ပဲနိင်ထားပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တုန်းကတော့ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ် ဟာ နောက်ဆုံး ၅ ပွဲမှာ အာစင်နယ် နဲ့ မန်ယူ ကိုသာရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ နော်ဝှစ်ခ်ျ ၊ ဆွမ်ဆီး နဲ့ လီဗာပူးတို့ကို တော့ အနိုင်ကန်နိုင်ခဲ့ပါတယ်။ အက်စတွန်ဗီလာကတော့ ဆောက်သမ်ပတန် ကို ပါ ဂိုးပြတ်ရှုံးနိမ့်ထားတဲ့အသင်းပါ။ ဒီပွဲဟာ ခရစ္စတယ်ပဲလေ့စ် အိမ်ကွင်းဖြစ်တဲ့အတွက် ခရစ္စတယ်ပဲလေ့စ် က ပဲ ဂိုးအကွာ နဲ့ အနိုင်ရမှာပါ။

လန်ချက်စတာ Vs တော့တင်ဟမ် ( မြန်မာစံတော်ချိန် ည ၈း၃၀ မိနစ် )

လန်ချက်စတာ အသင်းကတော့ နောက်ဆုံး ၅ ပွဲရလဒ်တွေမှာ ရှုံးပွဲ မရှိခဲ့ပါဘူး။ ၄ ပွဲ နိုင်ပြီး ၁ ပွဲ သရေကျခဲ့ပါတယ်။ တော့တင်ဟမ် အသင်းကတော့ နောက်ဆုံး ၅ ပွဲ ရလဒ်မှာ ၂ ပွဲ ရှုံး ၂ပွဲ နိုင် ၁ ပွဲ သရေ ဖြစ်ခဲ့တာပါ။ နောက်ဆုံးတွေ့ဆုံခဲ့စဉ်ကတော့ တော့တင်ဟမ် အသင်းက လန်ချက်စတာ အသင်းကို ၄ဂိုး-၃ဂိုး နဲ့ အနိုင်ရထားပါတယ်။ ဒါပေမယ့်လည်း တော့တင်ဟမ် ရဲ့ နောက်ဆုံး ၅ ပွဲလုံးဟာ အသင်းကြီးတွေနဲ့ပဲ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒါကြောင့် ဒီပွဲမှာ အဝေးကွင်း လာရောက် ယှဉ်ပြိုင်ရတဲ့ တော့တင်ဟမ် အသင်းမှာ နိုင်ဖို့ အခွင့်အလမ်း ပိုများနေပါတယ်။

နော်ဝှစ်ခ်ျ Vs စတုတ်စီးတီး ( မြန်မာစံတော်ချိန် ည ၈း၃၀ မိနစ် )

နော်ဝှစ်ခ်ျ အသင်းဟာ နောက်ဆုံး ၅ ပွဲ ရလဒ်မှာ ၃ ပွဲ နိုင် ၁ ပွဲ သရေ နဲ့ ၁ ပွဲ ရှုံးထားပါတယ်။ စတုတ်စီးတီး အသင်းကတော့ ၂ ပွဲနိုင် ၊ ၂ပွဲ သရေ နဲ့ ၁ ပွဲ သာရှုံးနိမ့်ထားပါတယ်။ ရာသီအစမှာ နော်ဝှစ်ခ်ျ ကတော့ ဆန်းဒါးလန်းကို ဂိုးပြတ်နိုင်ထားပေမယ့် စတုတ်စီးတီး ကတော့ တော့တင်ဟမ်ကို သရေကျဖို့ တော်တော်လေး ရုန်းကန်ထားရပါတယ်။ အိမ်ရှင်ကလည်း နော်ဝှစ်ခ်ျဖြစ်နေတဲ့အတွက် ဒီပွဲဟာ နောဝှစ်ခ်ျ ကပ်နိုင်မှာပါ။ မဟုတ်ရင်တော့ သရေကျပါလိ့မ်မယ်။

ဆန်းဒါးလန်း Vs ဆွမ်ဆီး ( မြန်မာစံတော်ချိန် ည ၈း၃၀ မိနစ် )

ဆန်းဒါးလန်း အသင်းရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်တွေဟာ တစ်ပွဲမှ နိုင်ပွဲ မရှိခဲ့ပါဘူး။ ၃ ပွဲ ရှုံးပြီး ၂ ပွဲ သရေကျခဲ့ပါတယ်။ ဆွမ်ဆီး အသင်းကတော့ ၂ပွဲ နိုင် ၂ ပွဲ ရှုံး ၁ ပွဲ သရေကျထားပါတယ်။ ဒါပေမယ့်လည်း ရာသီအစမှာ ဆန်းဒါးလန်းက နိုင်ပွဲ မရှိခဲ့ပဲ ဆွမ်ဆီးကတော့ ၁ ပွဲနိုင် ၁ ပွဲသရေပါ။ နယူးကာဆယ်ကို နိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံ ချဲလ်ဆီး ကို သရေကန်ခဲ့တာပါ။ သေချာတာကတော့ ဒီပွဲဟာ ဆွမ်ဆီး အသင်း ဂိုးအကွာ နဲ့ အနိုင်ရမှာပါ။

ဝက်စ်ဟမ်း Vs ဘုန်းမောက် ( မြန်မာစံတော်ချိန် ည ၈း၃၀ မိနစ် )

ဝက်စ်ဟမ်း အသင်းဟာ နောက်ဆုံး ၅ ပွဲရလဒ်မှာ ၃ပွဲ ရှုံး ၊ ၁ ပွဲ သရေ နဲ့ ၁ ပွဲသာ အနိုင်ရခဲ့ပါတယ်။ ဘုန်းမောက် အသင်းကတော့ နောက်ဆုံး ၅ ပွဲမှာ ၂ပွဲ ရှုံး ၊ ၂ ပွဲ နိုင် နဲ့ ၁ ပွဲ သရေကျထားပါတယ်။ ဒါပေမယ့်လည်း ၀က်စ်ဟမ်းကတော့ အာစင်နယ် အသင်းကိုပင် ရာသီအစမှာ ၂ဂိုး-ဂိုးမရှိ နဲ့ အနိုင်ကန်ထားပါတယ်။ ဒါပေမယ့် လန်ချက်စတာ ကို ပြန်ရှုံးခဲ့ပါတယ်။ ဒါကြောင့် ၂ သင်းလုံးဟာ ခြေမမှန်ကြပါဘူး။ ဒီပွဲဟာ သရေကျမယ်ဆိုရင်တောင် ၂ ဖက်လုံး အပြန်အလှန် ဂိုးတွေ သွင်းယူကြမှာတော့ သေချာပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC Sports


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment