Powered by Blogger.

၂၃ ရက်နေ့ည ပရီးမီးယားလိဂ် ပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်များ




ဝက်စ်ဘရွန်း Vs ချဲလ်ဆီး ( မြန်မာစံတော်ချိန် ည ၇း၀၀ နာရီ )

ဝက်စ်ဘရွန်း အသင်းဟာ နောက်ဆုံး ၅ ပွဲ ရလဒ်မှာ ၂ပွဲ ရှုံး ၊ ၂ပွဲ သရေ နဲ့ ၁ ပွဲသာအနိုင်ရထားပါတယ်။ ချဲလ်ဆီး အသင်းကတော့ ၃ပွဲ ရှုံး ၊ ၁ပွဲ သရေ ၊ ၁ပွဲ နိုင်ထားပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကတော့ ချဲလ်ဆီး အသင်းဟာ ၀က်စ်ဘရွန်း အသင်းကို ၃ ဂိုး-ဂိုး မရှိ နဲ့ အနိုင်ရထားဖူးပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ရလဒ်ဟာ ဒီပွဲ အပေါ် ပြန်ပြီး သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ချဲလ်ဆီး ဟာ ထို ရှုံးကြွေး ကို ပြန်ဆပ် ဖို့ အသင့်ဖြစ်နေပါပြီ။ ရာသီအစ မှာ နိုင်ပွဲမရှိသေးတဲ့ ချန်ပီယံ ချဲလ်ဆီး အသင်းဟာ တိုက်စစ်မှုး အသစ် Pedro နဲ့ အတူ ၀က်စ်ဘရွန်း အိမ်ကွင်းမှာ သွားရောက်ခြေစွမ်းပြတော့မှာပါ။ အခန့်မသင့်ရင် ချဲလ်ဆီး ဂိုးပြတ် နဲ့ နိုင်သွားနိုင်ပါတယ်။

အဲဗာတန် Vs မန်စီးတီး ( မြန်မာစံတော်ချိန် ည ၉း၃၀ နာရီ )

အိမ်ရှင် အဲဗာတန် အသင်းဟာ နောက်ဆုံး ၅ ပွဲ ရလဒ် မှာ ၂ပွဲ နိုင် ၂ ပွဲ ရှုံးပြီး ၁ ပွဲ သာ သရေကျခဲ့ပါတယ်။ မန်စီးတီး ကတော့ ရှုံးပွဲမရှိသေးပါဘူး။ နောက်ဆုံး အကြိမ်တွေ့ခဲ့တုန်းကတော့ ၁ဂိုး-၁ဂိုး နဲ့ သရေကျထားပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီပွဲဟာ ဂိုးပြတ်ကြီးပဲ အနိုင်ယူတတ်တဲ့ မန်စီးတီး အသင်းဘက်မှာပဲ ကံကြမ္မာ က ရှိနေဦးမှာပါ။ ဂိုးပြတ်နဲ့လည်း မန်စီးတီး အနိုင်ရသွားနိုင်ပါသေးတယ်။

ဝက်ဖို့ဒ် Vs ဆောက်သမ်ပတန် ( မြန်မာစံတော်ချိန် ည ၉း၃၀ နာရီ )

ဒီ ၂ သင်းရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ယှဉ်ကြည့်တဲ့အခါမှာတော့ ၀က်ဖို့ဒ်က ၃ပွဲသရေ နဲ့ ၂ပွဲ နိုင်ထားပါတယ်။ ပြောမယ်ဆိုရင် ရှုံးပွဲမရှိခဲ့ပါဘူး။ ဆောက်သမ်ပတန် ဟာလည်း နောက်ဆုံး ၅ပွဲမှာ ၂ပွဲနိုင် ၊ ၂ပွဲသရေ နဲ့ ၁ ပွဲ ရှုံးထားတဲ့အတွက် ၂ သင်းလုံး ရဲ့ နည်းဗျူဟာတွေဟာ သိပ်မကွာကြပါဘူး။ ဂိုးရရှိရေးထက် ဂိုး မပေးရရေးကို အသားပေးကစားတဲ့ ဒီ ၂ သင်းရဲ့ ရလဒ်ဟာ သရေ မှ တစ်ခြား မရှိနိုင်ပါဘူး။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC Sports

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment