Powered by Blogger.

C.Ronaldo နဲ့ ယှဉ်ပြိုင်နေရမှုဟာ မီဒီယာတွေရဲ့ဖန်တီးမှုသာ ဖြစ်တယ်လို့ Messi ဆို




ဘာစီလိုနာ တိုက်စစ်မှုး ဖြစ်တဲ့ Lionel Messi က သူ့အနေနဲ့ Cristiano Ronaldo နဲ့ ယှဉ်ပြိုင်မှုမျိုးမရှိခဲ့ဖူးပဲ ဒါဟာ မီဒီယာ တွေ ဖန်တီးထားတာသာ ဖြစ်တယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။

Lionel Messi နဲ့ Cristiano Ronaldo တို့ ၂ ယောက်ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ၂၀၀၈ ခုနှစ်ကတည်း တစ်လှည့်စီ ရရှိလာခဲ့ကြပြီး လက်ရှိမှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ၂ ယောက် အဖြစ်သတ်မှတ်ခံထားရသူတွေလည်း ဖြစ်ပါတယ်။

သူတို့ ၂ ယောက်ဟာ ဥရောပ ပြိုင်ပွဲတွေမှာ ရော ပြည်တွင်း ပြိုင်ပွဲတွေမှာပါ ဂိုးသွင်းအများဆုံး ဆု ကို တစ်လှည့်စီ သိမ်းပိုက်နေကြသူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဂျင်တီးနား တိုက်စစ်မှုး Messi က Cristiano Ronaldo နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ပြင်းထန်တဲ့ ခံစားချက်တွေ မရှိသလို သူတို့ ၂ ယောက် ကြားမှာ ယှဉ်ပြိုင်နေမှုလည်း မရှိဘူးလို့ ဆိုထားပါတယ်။

"ဘာယှဉ်ပြိုင်မှုမှ မရှိပါဘူး။ ဒါဟာ မီဒီယာတွေ ဖန်တီးထားတာပါ။ ကျွန်တော်တို့ ၂ ယောက်လုံးဟာ ကိုယ့် အသင်းအတွက်ကို ကောင်းအောင် ကစားပေးနိုင်ကြပါတယ်။ ဒါဟာ Messi Vs Ronaldo ဆိုတဲ့ ယှဉ်ပြိုင်မှု မဟုတ်ပါဘူး။ ဘယ်တော့မှ လည်း ဖြစ်လာမှာ မဟုတ်ပါဘူး။" လို့ Messi က Shortlist သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Messi က Ronaldo ရဲ့ ကစားဖော်ဟောင်း Wayne Rooney ကိုလည်း ချီးကျူးစကားဆိုထားပါသေးတယ်။ Messi ကို သတင်းဌာနက လာလီဂါမှာ လာကစား ရင် ခြေစွမ်းပြနိုင်မယ့် အင်္ဂလန်ကစားသမား ရှိနိုင်လားလို့ မေးမြန်းတဲ့အပေါ် Messi က မန်ယူ ရဲ့ ကပ္ပတိန် Wayne Rooney ကို ရွေးချယ်ပြီး အဖြေပေးခဲ့ပါတယ်။

" Wayne Rooney ရဲ့ နည်းစနစ်ကျတဲ့ ကစားပုံတွေကို ကြည့်မယ်ဆိုရင်တော့ သူဟာ ဥရောပ ပြိုင်ပွဲ က ကစားသမားတွေအားလုံး လိုပဲ ခြေစွမ်းရှိသူတစ်ဦးဖြစ်ပါတယ်" လို့ Messi ကဆိုပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တိုင်းတာချက်တွေအရ Messi ဟာ ကလပ်အသင်းနဲ့ နိုင်ငံ အသင်းအတွက် တစ်နှစ်ကို ပျမ်းမျှ ၅၅.၈ ဂိုးသွင်းပေးထားနိုင်ပေမယ့်လည်း Ronaldo ကတော့ ကလပ်အသင်းနဲ့ နိုင်ငံ အသင်းအတွက် တစ်နှစ်ကို ပျမ်းမျှ ၅၇.၂ ဂိုး သွင်းပေးထားနိုင်ခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sport.thithtoolwin.com

Ref : Mirror 
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment