Powered by Blogger.

နွေရာသီမှာ Christian Benteke ကို စာချုပ်အသစ် အတွက် ကမ်းလှမ်းမယ်လို့ အက်စတွန်ဗီလာ အသင်းဆို




အက်စတွန်ဗီလာ အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်မှုး Christian Benteke ကို လီဗာပူး အသင်းရဲ့ ခေါ်ယူဖို့ စိတ်ဝင်စားမှုကို ပယ်ဖျက်တဲ့အနေနဲ့ Benteke ကို စာချုပ် အသစ်အတွက် ကမ်းလှမ်းခဲ့ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှုး ဖြစ်တဲ့ Benteke ဟာ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီး နဲ့ မန်ယူ အပါအ၀င် အသင်းကြီးတွေရဲ့ စောင့်ကြည့်ခြင်းကိုခံနေရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Benteke ကိုယ်တိုင်ကလည်း ဥရောပ ပြိုင်ပွဲတွေကို ပါဝင် ကစားချင်တယ်လို့ ၀န်ခံဖူးခဲ့သလို ပြောင်းရွှေ့ကြေးအနေနဲ့လည်း စတာလင်ပေါင် ၃၂.၅သန်းခန့် ရနိုင်နေတယ်ဆိုတာကို အက်စတွန်ဗီလာ အသင်း အနေနဲ့ သိရှိပြီးဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ၊ အက်စတွန်ဗီလာ ရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်တဲ့ Tom FOx ကတော့ အသင်းအနေနဲ့ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ Benteke ကို လက်မလွှတ်ရဖို့ ရတဲ့နည်းနဲ့ ကြိုးစားသွားမှာ ဖြစ်ကြောင်းနဲ့ အကယ်၍ Benteke သာ အသင်းကထွက်ခွာလိုတယ်ဆိုရင် တားဆီး မှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

"အကယ်၍ Benteke သာ အသင်းက ထွက်ခွာလိုတယ်ဆိုရင် သူ့ကို တားဖို့ခက်ပါတယ်။ ဒါပေမယ့် နွေရာသီမှာတော့ သူ့ကို စာချုပ် အသစ်အတွက် ကမ်းလှမ်းသွားဦးမှာပါ" လို့ Tom Fox က ဆိုပါတယ်။

ဒါ့အပြင် Tom Fox က Benteke ကို ဇန်န၀ါရီလတုန်းက အက်စတွန်ဗီလာ အသင်းနဲ့ နှစ်ရှည်စာချုပ် သက်တမ်းတိုးခဲ့တဲ့ အလယ်တန်းကစားသမား Fabian Delph လိုမျိုး လမ်းစဉ်ကို ပဲ လိုက်ဖို့ မျှော်လင့်နေပါတယ်။ 

( Mario )

#သစ်ထူးလွင်(အားကစား)
#sport.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment