Powered by Blogger.

Clean sheets ပွဲ၂၀၀ ပြည့်မြောက့်ခဲ့ပြီဖြစ်တဲ့ အာဆင်နယ်ဂိုးသမားပီတာချက်


မနေ့ညက ပရီးမီးယာလိဂ်လက်ကျန်ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ၀က်ဖို့ဒ်အသင်းတို့ပွဲစဉ်မှာ အာဆင်နယ်က ၃-၀ ဆိုတဲ့ရလဓ်ါနဲ့အနိုင်ရရှိခဲ့ပြီး  အာဆင်နယ်ဂိုးသမားကြီးပီတာချက်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပေးဂိုးမရှိမှုပွဲ ၂၀၀ ပြည့်ခဲ့တဲ့ပထမဆုံးဂိုးသမားအဖြစ်မှတ်တမ်းဝင်ခဲ့တယ်လို့သိရပါတယ်။

ပီတာချက်ဟာဒီမှတ်တမ်းရဖို့အတွက် ပရီးမီးယားလိဂ် ၁၀ ပွဲတောင်စောင့်ဆိုင်းခဲ့ရပေမယ့် ၁၁ ပွဲမြောက်မှာတော့ကံကောင်းသွားပါတယ်။

သူဟာဒီပွဲမှာ ၀က်ဖို့ဒ်တိုက်စစ်မှူး ဒီနေးရဲ့ပင်နယ်တီကိုကာကွယ်နိုင်ခဲ့ပြီးမှ ပေးဂိုးမရှိမှုပွဲ ၂၀၀ ပြည်ခဲ့လို့ ပိုပြီးတောင်ဂုဏ်ယူရမယ်လို့နည်းပြ၀င်းဂါးကချီးကျူးသွားပါတယ်။အာဆင်နယ်ဟာ ၂-၀ နဲ့နိုင်နေချိန်မှာ ပင်နယ်တီပေးခဲ့ရတာဖြစ်ပြီးဒီဂိုးဝင်သွားရင်ဘာကိုမှပြောလို့မရတော့လို့ ပီတာချက်ရဲ့ပင်နယ်တီကာကွယ်နိုင်မှုဟာအရေးပါခဲ့တယ်လို့ ၀င်းဂါးကဆက်ပြောပါတယ်။

Mocha

#sport.thithtoolwin.com

Ref:sky sport
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment