Powered by Blogger.

လက်ရွေးစင်ကစားသမားဘ၀ကနေ အနားယူလိုက်တဲ့ နယ်သာလန်ကွင်းလယ်လူ ရှနိုက်ဒါ


နယ်သာလန်လက်ရွေးစင်အသင်းရဲ့ ဝါရင့်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ၀မ်စလေရှနိုက်ဒါဟာ လက်ရွေးစင်ဘ၀ကနေအနားယူလိုက်ပြီလို့သိရပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ရှနိုက်ဒါဟာ တနင်္ဂနွေနေ့က နည်းပြရော်နယ်ကိုမန်းနဲ့တွေ့ဆုံပြီးတဲ့နောက်အနားယူဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ကိုမန်းကရှနိုက်ဒါဟာနယ်သာလန်လက်ရွေးစင်တွေထဲကအကောင်းဆုံးကစားသမားတွေထဲမှာတစ်ဦးအပါအ၀င်ဖြစ်ပေမယ့် အသင်းကိုအသစ်တည်ဆောက်ဖို့ရည်ရွယ်ထားတာကြောင့် ဆုံးဖြတ်အချို့ကိုလည်းချမှတ်ခဲ့ရတယ်လို့ပြောသွားပါတယ်။ရှနိုက်ဒါဟာနယ်သာလန်အသင်းအတွက် ၁၃၃ ပွဲကစားပြီးပွအများဆုံးကစားသူအဖြစ်စံချိန်တင်ထားတဲ့သူဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment