Powered by Blogger.

ခြေချင်းဝတ်ဒဏ်ရာကြောင့် ရီရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ့်ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ရဖွယ်ရှိနေတဲ့ နေမာ




 မနေ့ညက ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ် ပီအက်စ်ဂျီအသင်းနဲ့ မာဆေးအသင်းတို့ကစားတဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ နေမာဟာ ပွဲကစားချိန် ၈၁ မိနစ်မှာ မာဆေးကစားသမားနဲ့ထိခိုက်မိကာ ခြေကျင်းဝတ်ဒဏ်ရာ ပြင်းထန်းစွာရရှိသွားခဲ့တာကြောင့် ကွင်းထဲကနေ ထမ်းစင်နဲ့ ခေါ်ထုတ်သွားခဲ့ရတယ်လို့သိရပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ နေမာရဲ့ ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်နေတယ်လို့သိရပါတယ်။ နေမာဟာသူ့ရဲ့ ဒဏ်ရာပုံကို အင်စတာဂရမ်မှာတင်ကာပြသသွားတာကိုတွေ့ရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ လာမယ့်မက်လ ၇ရက်နေ့မှာကစားမယ့် ချန်ပီယံလိဂ်ဒုတိယကျော့ ပွဲစဉ်ကို နေမာပါဝင်ကစားနိုင်ဖို့အဓိကထားမျော်လင့်နေတယ်လို့သိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref:goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment