Powered by Blogger.

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၆ပတ်ကနေ ၈ပတ်ကြာအထိ အနားယူရတော့မှာဖြစ်တဲ့ ပီအက်စ်ဂျီတိုက်စစ်ကစားသမား နေမာ


ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာဟာ ခြေချင်းဝတ်ထိခိုက်သွားတဲ့အပြင် ခြေချောင်းရိုး တစ်ခုအက်သွားတဲ့အတွက် ၆ ပတ်ကနေ ၈ပတ်အထိနားရတော့မယ်လို့သိရပါတယ်။

နေမာဟာ လာမယ့်တစ်ပတ်ရီးရဲလ်မက်ဒရစ်အသင်းနဲ့ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ဒုတိယအကျော့ပွဲမှာပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။

ပီအက်ဂျီဟာပထမအကျော့မှာ ၃-၁ နဲ့ရှုံးထားလို့နောက်တစ်ဆင့်တက်ဖို့မရေမရာဖြစ်နေတဲ့အတွက်နေမာမပါနိုင်မှုဟာကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါလိမ့်မယ်။နေမာဟာပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကနေပြောင်းလာပြီးတဲ့နောက် ပီအက်စ်ဂျီအတွက်ပြိုင်ပွဲအရပ်ရပ်ပွဲ ၃၀ ကစားပြီး ၂၉ ဂိုးသွင်းထားပါတယ်။


Mocha

#sport.thithtoolwin.com

Ref: forbes
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment