အာဆင်နယ်နည်းပြရာထူးအား စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားလိုက်တဲ့ အွန်နရီ
အာဆင်နယ်အသင်း၏ ဂန္ထ၀င်တိုက်စစ်မှူးဟောင်းဖြစ်သူ အွန်နရီဟာ ကစားသမား ဘ၀အတွင်း အောင်မြင်မှုများစွာရရှိခဲ့သည့် အာဆင်နယ်အသင်း၏ နည်းပြရာထူးအား ရယူရန်စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့သိရပါတယ်။
“ အာဆင်နယ်နည်းပြရာထူးကို စိတ်ဝင်စားလို့ မေးခံရတဲ့အချိန် ပြန်ဖြေရမယ့်အဖြေက YES ဆိုတဲ့ စကားတစ်ခွန်းပဲရှိပါတယ်။ ကစားသမားဘ၀က အောင်မြင်မှုတွေရရှိခဲ့ဖူးတဲ့ အသင်းရဲ့ပုံရိပ်မှာ နည်းပြတစ်ဦးအဖြစ် ပြန်လည်ရပ်တည်ခွင့်ရမယ့်အခြေအနေကို မရလိုတဲ့သူမရှိပါဘူးလို့"ပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ မနေ့ညကမန်စီးတီးအသင်းကို လိဂ်ဖလားဗိုလ်လုပွဲမှာ သုံးဂိုးပြတ်ဖြစ့်အရှက်တကွဲရှုံးနိပ့်ခဲ့ပြီး နည်းပြအာဆင်ဝင်းဂါးရဲ့ အနာဂါတ်ဟာလည်းတဖြည်းဖြည်းဝေး၀ါးလာနေပြီဖြစ်ပါတယ်။
Mocha
#sport.thithtoolwin.com
Ref:metro
0 comments :
Post a Comment