Powered by Blogger.

ကာရာဘောင်လိဂ်ဖလားဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းကို ဂိုးပြတ်သွင်းပြီး ဖလားရယူလိုက်တဲ့ မန်စီးတီး


မနေ့ညက အင်္ဂလန်နိုင်ငံရဲ့ ဝင်ဘလေကွင်းကြီးမှာ ယှဉ်ပြိုင်ကစားတဲ့ လိဂ်ဖလား ဖိုင်နယ်မှာတော့ ပတ်ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ဒုတိယပိုင်းမှာ အကောင်းဆုံး ခြေစွမ်းပြပြီး အာဆင်နယ်အသင်းကို သုံးဂိုးပြတ်နဲ့ ပြတ်ပြတ်သားသားအနိုင်ရယူခဲ့ပါတယ်။ ပထမပိုင်းမှာ မန်စီးတီးက အနည်းငယ်သာခဲ့ပေမယ့် နှစ်သင်းစလုံး အမှားများစွာနဲ့ စိတ်ပျက်စရာ ပွဲဖြစ်ခဲ့ပါတယ်။

 ဒုတိယပိုင်းမှာတော့ မန်စီးတီးဟာ ပထမပိုင်းထက် အများကြီး ပိုကောင်းလာပြီး အာဆင်နယ် ခံစစ်ကို ဖိအားပေးခဲ့ပါတယ်။ အာဆင်နယ်ကတော့ ဖိုင်နယ်လိုပွဲမျိုးမှာ ကစားသမားတွေ တိုက်ပွဲဝင်စိတ်မရှိခဲ့သလို ခြေစွမ်းပိုင်းကလည်း စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

အာစင်ဝင်းဂါ လက်ထက် လိဂ်ဖလား ဖိုင်နယ်တက်ခဲ့တဲ့ ၂၀၀၇၊ ၂၀၁၁နဲ့ ၂၀၁၈ ၃ကြိမ်စလုံးကို ရှုံးခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအတွက်တော့ ဒီဖလားကို နောက်ဆုံး ၅နှစ်အတွင်း ၃ကြိမ်မြောက်ရခဲ့တာဖြစ်ပြီး ပတ်ဂွါဒီယိုလာအတွက် အဂ်လန် မြေမှာ ပထမဆုံး ဖလားရခဲ့တာလည်း ဖြစ်ပါတယ်။


Mocha

#sport.thihtoolwin.com

Ref:

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment