Powered by Blogger.

ချဲလ်ဆီးနဲ့ပွဲမှာ မော်ရင်ဟိုပေးလိုက်တဲ့စာအကြောင်း ဖွင့်ဟပြောဆိုလိုက်တဲ့ မာတစ်


မန်ယူအသင်းရဲ့ အဓိကကွင်းလယ်အင်ဂျင်ဖြစ်တဲ့ မာတစ်က ချဲလ်ဆီးအသင်းကို  ၂-၁ နဲ့နိုင်တဲ့ပွဲမှာ ကွင်းထဲကိုဘိုင်လီယူလာပေးတဲ့ စာအကြောင်းကိုဖွင့်ဟပြောဆိုလိုက်ပါတယ်။

ပွဲပြီးဖို့ ၁၀ မိနစ်အလိုမှာ လူစားဝင်လာတဲ့ဘိုင်လီက ပေးတဲ့စာကြောင့် နည်းစနစ်ပိုင်းဆိုင်ရာညွှန်ကြားချက်အဖြစ်ထင်မှတ်ခဲ့ကြတာပါ။ဒီစာကိုမာတစ်ကဖတ်နေတုန်းမှာ ချဲလ်ဆီးကွင်းလယ်လူဝီလျံက လာပြီးခိုးကြည့်သေးတယ်လို့တောင်မီဒီယာတွေမှာဖော်ပြခဲ့ကြတာပါ။

မာတစ်က သူရခဲ့တဲ့စာထဲမှာမော်ရင်ဟိုဘာရေးထားသလဲဆိုတာကို အင်စတာဂရမ်မှာဖော်ပြခဲ့လို့ အားလုံးအံအားသင့်ခဲ့ရပါတယ်။စာမှာပါတဲ့အကြောင်းအရာကတော့ ”မင်းကို ၃ ရက်အနားပေးလိုက်ပြီ”ဘဲဖြစ်ပါတယ်။


Mocha

#sport.thithtoolwin.com

Ref:
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment