ခြေချင်းဝတ် ဒဏ်ရာကြောင့် ချန်ပီယံလိဂ်ဒုတိယအကျော့ စပါးအသင်းနဲ့ပွဲကို လွဲချော်ဖွယ်ရှိနေတဲ့ ဂျုဗင်တပ်တိုက်စစ်မှူး ဟီဂွာအင်
အီတလီ စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်အသင်းဟာ တူရီဒါဘီပွဲစဉ်မှာခြေချင်းဝတ် ဒဏ်ရာပြင်းပြင်းထန်းထန်းရရှိသွားတဲ့ တိုက်စစ်မှူးဟီဂူအင်ဟာ ချန်ပီယံလိဂ်ဒုတိယအကျော့ စပါးအသင်းနဲ့ပွဲကို လွဲချော်တော့မှာဖြစ်တာကြောင့် ဂျုဗင်တပ်အသင်းအတွက် ထိုးနှက်ချက်တခုဖြစ်လာခဲ့ပါတယ်။
အဆိုပါပွဲမှာ ဂျုဗီအသင်းဟာ တိုရီနိုကို ၁-၀နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဟီဂူအင်ဟာ ခြေချင်းဝတ်ထိခိုက် ဒဏ်ရာကြောင့်ပွဲချိန် ၁၅မိနစ်ကတည်းကလူစားလဲခံခဲ့၇တာဖြစ်ပါတယ်။
ဂျုဗင်တပ်အသင်းဟာအိမ်ကွင်းမှာ စပါးအသင်းကို ၂-၂ ဖြင့်သရေဖြစ်ခဲ့တာကြောင့် နောက်တဆင့်ကိုတတ်ရောက်ဖို့ရုန်းကန်ရတော့မှာဖြစ်ပါတယ်။
Mocha
#sport.thithtoolwin.com
Ref:sky sport
0 comments :
Post a Comment