Powered by Blogger.

ကစားသမားတွေကိုကာကွယ်ပေးဖို့ ပရီးမီးယာလိဂ်ဒိုင်လူကြီးတွေကို တောင်းဆိုလိုက်တဲ့ ဂွာဒီယိုလာ


မန်စီးတီးနည်းပြဂွာဒီယိုလာက ဒိုင်လူကြီးတွေအနေနဲ့ကစားသမားတွေကိုပိုမိုအကာအကွယ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ကာဒစ်ဖ်ကို ၂-၀ နဲ့နိုင်ခဲ့တဲ့အက်ဖ်အေဖလားအဝေးကွင်းပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ ဂျိုးဘန်းနက်ရဲ့ဖျက်ထုတ်မှုကြောင့် မန်စီးတီးတောင်ပံကစားသမား ဆာနီခြေချင်းဝတ်မှာဒဏ်ရာရခဲ့ပါတယ်။ဘန်းနက်ရဲ့ဖျက်ထုတ်မှုဟာပြင်းထန်လွန်းပြီး အရိုးကျိုးသွားတဲ့အထိဖြစ်နိုင်လို့ သူ့ကိုထုတ်ပယ်ဖို့ပျက်ကွက်ခဲ့တဲ့ ကွင်းလယ်ဒိုင်လီမန်ဆင်ကိုပွဲအပြီးမှာ ဂွာဒီယိုလာကထိပ်တိုက်တွေ့ခဲ့ပါသေးတယ်။

ဆာနေအနားယူရမယ့်ရက်အတိအကျကိုမသိရသေးပေမယ့် ဂွာဒီယိုလာကတော့ တစ်လလောက်အထိအနားယူရမယ်လို့ခန့်မှန်းသွားပါတယ်။ဒါကြောင့်ဖေဖေါ်ဝါရီ ၁၃ မှာဆီဗီလာနဲ့ကစားရမယ့်ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲကိုလွဲဖို့ရှိနေပါတယ်။

Mocha

#sport.thithtoolwin.com

Ref: goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment