Powered by Blogger.

ရလဒ်တွေဆိုးဝါးနေတဲ့ စတုတ်စီးတီးအသင်းဟာ နည်းပြ မာ့ခ်ဟု၈်ကို ရာထူးမှထုတ်ပယ်

Mark Bowen, Mark Hughes and Eddie Niedzwiecki

ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ စတုတ်စီးတီး အသင်းဟာ နည်းပြ မာ့ခ်ဟုခ်ျကို ရာထူးကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ စတုတ်စီးတီး အသင်းဟာ ကိုဗင်ထရီ အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် FA ဖလား တတိယအဆင့် ပွဲစဉ် အပြီးမှာ နည်းပြကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

စတုတ်စီးတီး အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ ၅ ပွဲ အထိ ရှုံးပြီး အမှတ်ပေး ဇယား တန်းဆင်းဇုန် အတွင်းမှာ ရှိနေပါတယ်။ စတုတ်စီးတီး အသင်း နည်းပြ မာ့ခ်ဟုခ်ျဟာ အသင်းကို ၄ နှစ်ခွဲကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြ တစ်ဦး ဖြစ်ပါတယ်။

 စတုတ်စီးတီး အသင်းဟာ ယခုလ ၁၅ ရက်နေ့မှာ မန်ယူ အသင်းနှင့် ပရီးမှးယားလိဂ် ပွဲစဉ် အဖြစ် ကစားရမှာ ဖြစ်ပြီး ယင်းပွဲစဉ် မတိုင်မီ နည်းပြသစ် အမြန်ဆုံး ခန့်အပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်



Mocha

#sport.thithtoolwin.com

Ref : bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment