Powered by Blogger.

ယခုနှစ်ဘောလုံးရာသီမကုန်မှီ ပြန်ကစားနိုင်ဖို့ ယုံကြည်တယ်ဆိုတဲ့ ဘိုင်ယန်ဂိုးသမား နူအာ


ဂျာမန်ထိပ်သီးကလပ်ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိကဂိုးသမားနူအာက သူပြန်ကစားမယ့်ရက်အတိအကျကိုမသတ်မှတ်နိုင်သေးပေမယ့် ဒီရာသီမှာတော့ပြန်ကစားနိုင်မယ်လို့ယုံကြည်ကြောင်းပြောဆိုလိုက်ပါတယ်။

အသက် ၃၁ နှစ်ရှိတဲ့ နူအာဟာပြီးခဲ့တဲ့ စက်တင်ဘာလက ခြေဖ၀ါးရိုးကျိုးခဲ့ပြီးနောက်အခုထိမကစားနိုင်သေးတဲ့အပြင်သူကစားမယ့်ရက်ကိုလည်းကလပ်ဘက်ကမသတ်မှတ်နိုင်သေးပါဘူး။

နူအာက“ကျွန်တော်ပြန်ကစားမယ့်ရက်ကိုမသတ်မှတ်နိုင်သေးပေမယ့် အသင်းရဲ့အခြေအနေဟာစိတ်ချရနေလို့ ပြန်ကစားဖို့အလျင်မလိုပါဘူး။ဒီရာသီမှာပြန်ကစားနိုင်မယ်လို့ယုံကြည်ထားပါတယ်”လို့ပြောသွားပါတယ်။နူအာဟာဒီရာသီဘွန်ဒက်စ်လီဂါမှာ ၃ ပွဲသာကစားရပါသေးတယ်။

Mocha

#sport.thihtoolwin.com

Ref:soccer
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment