Powered by Blogger.

ပီအက်စ်ဂျီအသင်းရဲ့  သမိုင်းတလျှောက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာတဲ့ ကာဗာနီ


ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ ဥရုကွေးတိုက်စစ်မှူးကာဗာနီဟာ မောင့်ပယ်လီယာကို ၄-၀ နဲ့နိုင်တဲ့ပွဲမှာတစ်ဂိုးသွင်းယူပေးခဲ့ပြီ့းနောက် ပီအက်စ်ဂျီအသင်းရဲ့သမိုင်းမှာဂိုးသွင်းအများဆုံးသူအဖြစ်စံချိန်သစ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။

ကာဗာနီဟာ ပွဲကစားချိန် ၁၁ မိနစ်မှာရာဘီယော့ရဲ့ဖြတ်တင်ဘောကိုပိတ်ပြီးဂိုးသွင်းလိုက်မှုဟာသူ့ရဲ့ပီအက်စ်ဂျီအတွက် ၁၅၇ ဂိုးမြောက်ဖြစ်ခဲ့ပြီးစံချိန်တင်ခဲ့တာဖြစ်ပါတယ်။

ဂိုးသွင်းပြီးတဲ့နောက် ကာဗာနီဟာသူ့အင်္ကျီကိုပရိသတ်တွေထဲပစ်ပေးပြီးအောင်ပွဲခံခဲ့ပါသေးတယ်။ဒီပွဲစတဲ့အချိန်မှာ ကာဗာနီဟာအရင်စံချိန်ရှင်ဖြစ်တဲ့ အီဘရာဟီမိုဗစ်ရဲ့ ၁၅၆ ဂိုးမှတ်တမ်းကိုလိုက်မီထားတာဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment