Powered by Blogger.

အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမူရရှိခဲ့ပြီဖြစ်တဲ့ အိုဇေးလ်


အာဆင်နယ်အသင်းရဲ့ ဂျာမဏီကွင်းလယ်ကစားသမား အိုဇေးလ်ဟာ အသင်းနှင့် အတူ စာချုပ်သစ် ချုပ်ဆိုဖို့သဘောတူညီမူရရှိခဲ့ပြီလို့ ထွက်ပေါ်လာတဲ့သတင်းများအရသိရပါတယ်။

အဆိုပါ ကစားသမား ဖြစ်သူဟာ ဇန်နဝါရီ ဈေးကွက်ကာလ အတွင်း အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ အာဆင်နယ် အသင်းဖော်ဟောင်း အလက်ဆစ်ဆန်းချက်ဇ်လို အသင်းကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေပေမယ့် ယခုအချိန်မှာတော့ သူဟာ အာဆင်နယ် အသင်းမှာ ဆက်လက် ရှိနေမယ့် အခြေအနေတွေ ဖြစ်ဖို့များနေကြောင်း သိရပါတယ်။

ဂျာမန် သတင်းစာ Bild က ဆိုရာမှာတော့ အိုဇေးလ်ဟာ ဒေါ့မွန် တိုက်စစ်မှူး အူဘာမီရန်းကို ခေါ်ယူဖို့ နီးစပ် သေချာနေတဲ့ အာဆင်နယ် အသင်းမှာ ဆက်လက် ရှိနေမယ်လို့ ဆိုထားပါတယ်။


Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment