Powered by Blogger.

ချဲလ်ဆီးအသင်းနဲ့ သတင်းထွက်လာတဲ့ စီရော်နယ်ဒို


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကလပ်အသင်းနဲ့အဆင်မပြေမူတွေဖြစ်ပေါါ်နေပြီး ယခုနှစ်ဘောလုံးရာသီကုန်ရင် အသင်းထွက်ခွာဖွယ်ရှိနေတယ်လို့သိရပါတယ်။

ပရီးမီးယာလိဂ်ကလပ် အသင်းဟောင်းမန်ယူအသင်းကို ပြောင်းရွေ့ချင်ပေမယ့် ဆန်းချက်ဇ်ရောက်လာပြီးဖြစ်တာကြောင့် အသင်းဟောင်းကိုပြန်လည်းပြောင်းရွေ့ရာမှာ မလွယ်ကူးဘူးလို့သိရပါတယ်။

စီရော်နယ်ဒိုဟာ စပိန်မှာအခွန်တိမ်းရှောင်မှုနဲ့စွဲချက်တင်ခံခဲ့ရတဲ့အပြင်သူလိုချင်တဲ့စာချုပ်သစ်ပုံစံကိုလည်း ရီးရဲလ်ကပေးလိုခြင်းမရှိတဲ့အတွက်လာမယ့်နွေမှာအသင်းပြောင်းဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

သူဟာမန်ယူကိုသစ္စာရှိသေးတဲ့အတွက် အသင်းဟောင်းပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့လီဗာပူးတို့ဆီမသွားဘဲ ချဲလ်ဆီးကိုသာရွေးဖို့ရှိနေတာလို့သတင်းမှာဖော်ပြသွားပါတယ်။ချဲလ်ဆီးအသင်းကတော့ ရီးရဲလ်ဟာစီရော်နယ်ဒိုကိုပြပြီး ဟာဇက်ကိုခေါ်ယူသွားမယ့်အပေါ်စိုးရိမ်နေတယ်လို့သိရပါတယ်။


Mocha

#sport.thithtoolwin.com

Ref: goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment