Powered by Blogger.

ဝေးလ်လက်ရွေးစင်အသင်းရဲ့ နည်းပြ ဖြစ်လာတဲ့ ယူနိုက်တက်ကစားသမားဟောင်း ရိုင်ယန်ဂစ်


 မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရိုင်ယန်ဂစ်ဟာ ဝေးလ် လက်ရွေးစင်အသင်းကြီးရဲ့  နည်းပြသစ် အဖြစ် ၄ နှစ် စာချုပ် ချုပ်ဆိုလိုက်တယ်လို့သိရပါတယ်။ ရိုင်ယန်ဂစ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဆန်းဒါးလန်း အသင်း နည်းပြ ရာထူး အတွက် အသင်း နည်းပြ အဖြစ်မှ နှုတ်ထွက်ခဲ့တဲ့ နည်းပြ ခရစ်ကိုးလ်မန်း နေရာမှာ အစားထိုးပြီး ဝေးလ် အသင်းကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။

 ဝေးလ် အသင်းဟာ နည်းပြဟောင်း ကိုးလ်မန်းရဲ့ လက်ထောက် အိုဆီယန်ရော်ဘတ်၊ ဝေးလ် တိုက်စစ်မှူးဟောင်း ဘယ်လာမီ၊ မက်ဘိုဝင်တို့ကို နည်းပြ ရာထူး အတွက် ဆွေးနွေးခဲ့ဖူးပါတယ်။

 ဝေးလ် အသင်းဟာ နည်းပြဟောင်း ခရစ်ကိုးလ်မန်း လက်ထက် ၂၀၁၈ World Cup ခြေစစ်ပွဲ မအောင်မြင်ခဲ့ပြီးနောက် ဝေးလ် ဘောလုံး အဖွဲ့ချုပ် FWA အနေနဲ့ နည်းပြသစ် အတွက် ရိုင်ယန်ဂစ်ကို ကာလရှည် ပစ်မှတ်ထားလာခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။


Mocha

#sport.thihtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment