Powered by Blogger.

တံကောက်ကြော ဒဏ်ရာကြောင့် အက်သလက်တီကိုအသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ဦးမယ့် ကော်စတာ


ပြီးခဲ့တဲ့ အပါတ်ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်ဖြစ်တဲ့ အေတီကိုမက်ဒရစ် အသင်းနဲ့ ဂျီရိုနာအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကျတာဖြစ်ပါတယ်။အဆိုပါပွဲစဉ်ဟာ တဖက်တစ်ဂိုးစီသရေကျခဲ့ပြီး အေတီကိုအသင်းရဲ့ တိုက်စစ်မှူးဒီယေဂိုကော်စတာ တံကောက်ကြောဒဏ်ရာ ရရှိသွာခဲ့တယ်လို့ အေတီကို အသင်းက အတည်ပြုခဲ့ပါတယ်။

ကော်စတာဟာ ဒဏ်ရာကြောင့်လူစားလဲခွင့်ရဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့မှာ နောက်ထပ်ဆေးစစ်မှုတွေပြုလုပ်သွားမယ်လို့ ဆီမြွန်နီကဆိုပါတယ်။ကော်စတာရဲ့အခြေအနေနဲ့ ပတ်သက်ပြီး အေတီကို အသင်းရဲ့ တွစ်တာအကောင့်မှာ “ကော်စတာဟာ တံကောက်ကြောဒဏ်ရာရ ရှိသွားခဲ့တာဖြစ်ပါတယ်။

စပိန်မီဒီယာတွေကတော့ ကော်စတာဟာ ၁၀ ရက်ခန့်အနားယူရဖွယ်ရှိတယ်လို့ ယူဆနေကြပြီး သူဟာလာမယ့် ဗုဒ္ဓဟူးနေ့မှာကစားမယ့် ဆီဗီလာ နဲ့ကိုပါဒယ်ရေးပွဲစဉ် လာမယ့် အပတ်မှာ ကစားမယ့် လက်စ်ပါးမက်နဲ့လာလီဂါပွဲစဉ်တွေကို လွဲချော်သွားဖွယ်ရှိနေတယ်လို့ ရေးသားဖော်ပြနေပါတယ်။

 Mocha

#sport .thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment